Arc(2.45)

5.1K 906 8
                                    

Unicode

Arc(2.45) - Saint Magus

ခရီးစဉ်တစ်လျှောက်လုံးမှာအဲလ်ဗစ်နဲ့လီလျိုတို့မြို့လေးခုငါးခုကိုဖြတ်သန်းလာကြသည်။သူတို့ရှေးဟောင်းနယ်မြေကထွက်ထွက်ခြင်းတွေ့ခဲ့ရတဲ့မာရ်မြို့မှာလိုပင်မြို့တိုင်းနတ်ဆိုးသားရဲအုပ်စုများရဲ့တိုက်ခိုက်မှုကိုခံနေကြရသည်။

တစ်ချို့ကခေါင်းမာစွာခုခံတွန်းလှံဆဲဖြစ်ပြီးတစ်ချို့ကတော့အစောကြီးကတည်းကပျက်ဆီးသွားခဲ့ပြီဖြစ်သည်။

တိုက်ကြီးတစ်ခုလုံးရဲ့အထက်ကောင်းကင်မှာတော့အနက်ရောင်မြူအလွှာပါးတစ်ခုကိုမြင်နေရပြီးနေရာတစ်နေရာသို့ဖြည်းညှင်းစွာရွေ့လျားနေကြသည်။

*****

လီလျိုကအဲလ်ဗစ်ရှေ့မှာထိုင်နေပြီးသူ့ကိုယ်ကအနည်းငယ်နောက်သို့မှီနေကာလက်ကတော့အီလိုင်ရဲ့ခေါင်းထက်ကဦးချိုကိုကိုင်ထားသည်။ပြီးခဲ့သည့်မြို့မှထွက်ခွာသွားပြီးနောက်သူတို့သည်ယခုလမ်းပေါ်မှာရှိနေတာတစ်ပတ်ကျော်ကျော်ဖြစ်နေပြီဖြစ်သည်။

သူတို့ရဲ့လက်ရှိအရှိန်နှုန်းနဲ့ဆိုရင်ပတ်ဝန်းကျင်ရှိအကြီးမားဆုံးမြို့ဖြစ်သောအီဒါမြို့သို့ညနေလောက်ရောက်လိမ့်မည်။

သေချာပေါက်ပင်နေကအနောက်အရပ်သို့မေးတင်တဲ့အချိန်မြင့်မားသောမြို့ရိုးရဲ့အရိပ်ကလီလျိုရဲ့မြင်ကွင်းထဲဝင်လာခဲ့သည်။သို့သော်ဒီမြို့ကတော့အရင်ဖြတ်သန်းခဲ့တဲ့နေရာများလိုနတ်ဆိုးသားရဲများဝန်းရံထားခြင်းမခံရပေ။သူတို့ရဲ့ခရီးစဉ်မှာပထမဆုံးအဖြစ်ဒီလိုရှင်းလင်းပြီးသန့်ရှင်းသပ်ရပ်နေသောပတ်ဝန်းကျင်ရှိသည့်မြို့ကိုမြင်ရတာပထမဆုံးဖြစ်သည်။

တင်းတင်းကျပ်ကျပ်ပိတ်ထားသည့်မြို့တံခါးများအပြင်ဘက်ရှိမြေပြင်ပေါ်တွင်သာပိုမိုနက်ရှိုင်းသောမြေဆီလွှာအရောင်ရှိသောရေအိုင်များကိုတွေ့မြင်နိုင်သည်။

သားရဲပေါ်ကလူနှစ်ယောက်အီဒါမြို့သို့ချဉ်းကပ်လာသောအခါမှော်မီးတောက်လောင်နေသည့်မြားတစ်စင်းကချက်ချင်းပင်မူလဘာမှမရှိသည့်မြို့ရိုးမှထွက်ပေါ်လာသည်။ထိုမြှားကအဲလ်ဗစ်နဲ့လီလျိုရှိရာသို့တည့်တည့်ပင်ဦးတည်နေသည်။မြို့ရိုးထိပ်မှာတော့အမျိုးသားတစ်ယောက်ပေါ်လာပြီးအခြေအနေအားစစ်ဆေးနေပုံရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now