Arc(3.3)

5.9K 1K 12
                                    

Unicode

Arc(3.3)

လီလျိုကလှေကားထစ်အမြင့်တွင် မတ်တပ်ရပ်ရင်းအပြာရောင်အပေါ် ဝတ်နှင့်တပည့်လေးတစ်ယောက်ခေါ် လာသည့်ခေါင်းငိုက်စိုက်ချထားသော ပိန်ပါးသည့်သဏ္ဍာန်လေးကိုကြည့်နေ သည်။သူကခေါင်းကိုအနည်းငယ် ငုံ့လိုက်ကာသူ့အောက်မှာရပ်နေသည့် ကလေးလေးကိုကြည့်လိုက်၏

"ခေါင်းမော့ပြီးမင်းရဲ့မျက်နှာကိုပြပါဦး"

ချူးဝူရုံသည်သူ့အပေါ်ကနေ တောင်ပေါ်ကကျောက်တုံးများ ကိုဖြတ်သန်းပြီးထွက်လာသည့် စိမ့်စမ်းရေလိုကြည်လင်ပြီး အေးမြနေသည့်အသံကိုကြား သောအခါသူ့နှလုံးသားကဘာ ကြောင့်မှန်းမသိသော်လည်း အနည်းငယ်လှုပ်ရှားသွားမိသည်။

ချူးဝူရုံကအံ့အားသင့်နေမိပြီး ထိုနေရာမှာပဲကြောင်တောင်တောင် ရပ်နေမိကာလီလျိုရဲ့ညွှန်ကြားချက် ကိုလိုက်မလုပ်ဆောင်နိုင်လိုက်ပေ။ ကောင်လေးရဲ့ဘေးမှာရပ်နေသည့် တပည့်လေးကသာအခြေအနေကို ကြည့်ပြီးချူးဝူရုံကိုသတိပေးလိုက်ရသည်။

"အကြီးအကဲကုကမင်းကိုခေါ်နေ တယ်လေဘာလို့ခေါင်းကိုမြန်မြန် မမော့တာလဲ"

သူ့မျက်လုံးထဲမှာတော့ဒီဘယ်နေရာ ကထွက်လာမှန်းမသိတဲ့စိတ်ဝင်စား စရာမကောင်းတဲ့ကောင်လေးအား မနာလိုမှုတွေမုန်းတီးမှုတွေနဲ့ပြည့် နှက်နေသည်။

ဒီကောင်လေးကဘာတွေများလုပ်ခဲ့ လို့ဒီလိုမမျှော်လင့်တဲ့ကံကောင်းမှု ကိုရခဲ့လဲဘုရားသာသိလိမ့်မယ်.. အကြီးအကဲကုရဲ့အာရုံစိုက်မှုကို ရရှိနိုင်တာဒီကံကောင်းတဲ့ကောင် လေးကအလွန်မြင့်မားတဲ့အဆင့် အတန်းကိုရရှိတော့မယ်ဆိုတာ မေးခွန်းထုတ်ဖို့ပင်မလိုတော့ပေ။ သူ့မှာသေချာပေါက်ကောင်းတဲ့ နေ့များသာရှိတော့မည်။သို့သော် ဒီကောင်လေးကအကြီးအကဲကု သူ့ကိုခေါင်းမော့ဖို့ပြောတာတောင် မသိချင်ယောင်ဆောင်နေပြီးသူ့ရဲ့ ကျေးဇူးတင်မှုကိုဘယ်လိုပြရမှန်း မသိတဲ့အတွက်ဒီပုံစံကရှိနေတဲ့ သူများသူ့အပေါ်ရက်ရက်စက်စက် ရိုက်ချင်စိတ်ကိုဖြစ်ပေါ်စေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now