Arc(3.5)

5.9K 1K 21
                                    

Unicode

Arc(3.5) 

ချူးဝူရုံဆိုတာကသူ့ကိုသာမာန် မဟုတ်တဲ့ပုံစံမျိုးဖြစ်သွားစေမယ့် အရာမျိုးနဲ့တိတ်တဆိတ်ရှုပ်ထွေးရ သည်ကိုနှစ်သက်သည့်သူမျိုးမဟုတ် aပ။ချူးဝူရုံဆိုတဲ့သူမျိုးကဘယ်အရာ ကိုမဆိုသူ့အတွက်အန္တရယ်ရှိနိုင်လား အရင်ဆုံးစစ်ဆေးမည့်သူဖြစ်သည်။

အကယ်၍သာ'အဲ့ဒီ'အရာကသူ့ရဲ့ထိန်း ချုပ်မှုနယ်ပယ်အတွင်းမှာမရှိတော့ဘူး ဟုခံစားရမယ်ဆိုရင်သူအဲ့ဒီမတည်ငြိမ် သောအရာကိုသတ်ဖြတ်ပစ်လိမ့်မည်။

အခုသူ့ရှေ့ကထိုကုချင်းချန်ကသူ့ကို မတည်မငြိမ်ဖြစ်သည့်ခံစားချက် ကိုဖြစ်ပေါ်စေသည်။

ချူးဝူရုံရဲ့မျက်လုံးများကအနည်းငယ် မှုန်မှိုင်းသွားရင်းဖြင့်သူနဲ့သိပ်မဝေးတဲ့ နေရာမှာရပ်နေသောသွယ်လျလျ သဏ္ဍာန်ဆီချဉ်းကပ်သွားလိုက်သည်။ သူ့ကိုချဉ်းကပ်သွားလိုက်သောအခါ ထိုလူရဲ့ခန္တာကိုယ်ဆီမှခပ်ဖျော့ဖျော့ သင်းပျံ့နေသည့်မက်မွန်ပန်းနံ့ကိုရရှိ လိုက်လေသည်။

ထိုခပ်ဖျော့ဖျော့သင်းရနံ့ထဲမှာ ချစ်ခင်တွယ်တာသည့်သဲလွန်စ တစ်စုံတစ်ရာကိုသယ်ဆောင်ထား ပြီးထိုမွှေးရနံ့ကသူ့နှာခေါင်းမှတစ် ဆင့်သူ့နှလုံးသားထဲထိစိမ့်ဝင်သွား ကာတစ်ကိုယ်လုံးကိုလွှမ်းခြုံသွားခဲ့ ပြီးထိုနေရာမှာပဲရာသက်ပန်တည်မြဲ သွားရသည်။

ယခင်ကလီလျိုသူ့ကိုပြန်ခေါ်လာတဲ့ အချိန်မှာဝိဉာဏ်ကိရိယာကိုစီးနင်း တဲ့အရှိန်ကအရမ်းမြန်နေပြီးလေက လည်းသူ့မျက်နှာကိုတစ်ချိန်လုံး တိုးနေတာဖြစ်သည်။သူတို့မြေပေါ်သို့ ဆင်းသက်ပြီးနောက်မှာလည်းသူနဲ့ လီလျိုတို့ကအကွာအဝေးတစ်ခု ခြားပြီးနေခဲ့သည်။ထို့ကြောင့်ချူးဝူရုံ ကထိုမွှေးရနံ့ကိုမရခဲ့ခြင်းပင်။

အခုသူကလီလျိုဘေးမှာနီးနီးကပ် ကပ်ရပ်နေတာကြောင့်ထိုခံစားချက် ကအရမ်းကိုရှင်းလင်းနေရသည်။ ဒါပေမဲ့ဒီခံစားချက်ကို,သူမမုန်းဘူး, ဆန့်ကျင်ဘက်အနေနဲ့သူ့နှလုံးသား အောက်ခြေကနေဖော်ပြလို့မရ လောက်အောင်ကိုသူ့ရှေ့ကဒီလူနဲ့ အရမ်းကိုနီးနီးကပ်ကပ်နေချင်တဲ့ စိတ်ဆန္ဒများကြီးထွားလာရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now