69❇️ သူဌေးကတကယ်ပဲကင်မရာကနေရိုက်ကူးခံချက်နေတာလား?

3.1K 438 23
                                    

Unicode

ဝက်ဘ်ဆိုဒ်မှ သတင်းတွေ အများကြီးထွက်လာသော်လည်း ခန့်မှန်းသူတွေသာ ဖြစ်ပြီး ဝေ့ကျဲ ဆီကနေ ထွက်လာတာကသာ အမှန်တရားဖြစ်သည်။

လီဂျင်းယွမ် တွင်သူ့ကိုယ်ပိုင် စတူဒီယိုက ရှိပြီးသားဖြစ်သည်။ လူထုက သတင်းအချက်အလက်တွေကို ဝေ့ကျဲ ဆီပြန်တင်ပြခဲ့ကြသည်။ ဝေ့ကျဲ သည်တစ်ချက် ကြည့်လိုက်ရုံနဲ့ ဒီလူကဘာဆိုတာကို ခန့်မှန်းနိုင်သည်။ မိန်းကလေးဇောင် က မစ‌္စတာဟုန် နဲ့ ရှောင်းလီ တို့က ဘယ်လိုဆိုတာကို သူတို့ပြောနိုင်တော့မလဲ?

ဝေ့ကျဲ ကဖန်တစ်ယောက်ရဲ့ ကွန်မန့်ကို ဖတ်လိုက်ပြီး မတွေးတောပဲ Weibo အကောင့်တွင် ပြန်ရှယ်လိုက်သည်။

လီဝေ့ကျဲ : သူတို့အားလုံး မိသားစုကြီးကပဲ၊ ကျေးဇူးပြုပြီး အရေးမပါတာတွေ ပြောနေတာ ရပ်လိုက်တော့။ ကျေးဇူးတင်ပါတယ်။ /Stu: ဇောင်ယုဟွမ် ကအံ့ဩဖို့ကောင်းတာပဲ! ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို ဖမ်းစားနိုင်တယ်။ အခုတော့ လန်ဂျင်းဇီ တောင်ပါလာသေးတယ်? အံ့ဩစရာပဲ၊ အံ့ဩစရာပဲ! နောက်တစ်ယောက်က ဝမ်ယောင်ချန်း ဖြစ်မယ်လို့ ငါထင်တယ်၊ ဟဟ။

ဝေ့ကျဲ ကသူတို့သုံးယောက်ကြားက ဆက်ဆံရေးက မွေးစားတာ‌ေတွကို စဉ်းစားလိုက်ပြီး နည်းနည်းရှုပ်‌ေထွးတယ်လို့ ထင်လိုက်ပေမဲ့ တခြားသူတွေကို ရှင်းပြဖို့မလို‌တာကြောင့် အနှစ်ချုပ်သာ ပြောလိုက်သည်။

ကွန်မန့်အပိုင်းတွင် ဒီလိုမျိုး ပေါက်ကွဲလာခဲ့သည်။

ဇောင်ယုဟွမ် ကိုမနှစ်သက်သည့် ဖန်ကပို့စ်တင်တာကို ရပ်လိုက်ပေမဲ့ ဝက်ဘ်ဆိုဒ် အသုံးပြုသူတွေအား မကောင်းတာတွေ လျှောက်ပြောနေတာကိုတော့ မရပ်တန့်ခဲ့ပေ။

"မင်းတို့နှစ်ယောက်လုံးက မိန်းကလေးတွေပဲလေ၊ တခြားမိန်းကလေး တစ်ယောက်ကို ဒီလိုမျိုး မကောင်းတာတွေ လျှောက်ပြောနေတာက အရမ်းကို ရက်စက်လွန်းတယ်မလား?"

"မင်းတို့မှာ ဘာကိစ္စတွေပဲရှိရှိ မင်းဘယ်ပဲ မနာလိုနေပါစေ၊ ဟုန်ချန်းမင်း၊ လီဂျင်းယွမ် နဲ့ ဝမ်ယောင်ချန်း တို့ကမင်းကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ နားလည်လား? သူတို့က မင်းကို စိတ်ဝင်စားလာမှာ မဟုတ်ဘူး။ ဟီးဟီး"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now