38✳️ ငါကဟုန်ချန်းမင်း

3.4K 523 11
                                    

<Unicode>

ငါကဟုန်ချန်းမင်း

အရင်တုန်းက ရှုရန်ဟွေ့ ကိုတစ်ခါမှ သံသယမရှိခဲ့ပေ။ အခုတော့ မျိုးစေ့ကြဲလိုက်ပြီး သူမအတွက် ရှာဖွေရန်မှာ လွယ်ကူလာခဲ့သည်။ အဆုံးတွင် ရှုရန်ဟွေ့ ကဇောင်အိမ်တော်ရဲ့ အင်အားတွေကို အသုံးချပြီး သန်မာလာမှာကို ခွင့်မပြုနိုင်ဘူး။

စစ်ဆေးမှု အစီရင်ခံစာက ဇောင်ချီ ဆီကို ရောက်လာချိန်တွင် သူအရမ်း ဒေါသထွက်သွားတာကြောင့် လက်မောင်းမှ IV ကြိုးကို ဖြုတ်လိုက်ပြီး အော်လိုက်သည်။

"ဒီလိုပေါ့! နောက်ဆုံးတော့ သူမနှလုံးသားက မြွေပွေးထက် မဲညစ်တယ်ဆိုတာ ငါသိသွားပြီ! ကံကောင်းတာက ငါက ရှုရှင်း ကိုဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့တာပဲ! ငါသာ လုပ်ခဲ့ရင် မကြာခင်မှာတောင် ငါသေသွားနိုင်တယ်! သူမက သူမသားကို ငါ့နေရာကို ချက်ချင်း ယူစေချင်နေတာပဲ...."

အခုတော့ ဇောင်ချီ က ရှုရန်ဟွေ့ ကိုထင်မြင်ချက် လွဲမှားနေသည်။ ရှုရန်ဟွေ့ ရဲ့အရည်အသွေးနဲ့အတူ မကြာခင်မှာပဲ ရှုရှင်း ကိုသူအသိအမှတ် ပြုလိုက်ရင် သူ့အပေါ်မှာ သူမက ဘာမှလုပ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ ဇောင်ချီ ကသူမကို သူ့ကိုယ်ပိုင် စံနှုန်းနဲ့ တိုင်းတာနေတာကြောင့် သူမအစီစဉ်က သူ့ကို သတ်ပစ်ဖို့ဆိုပြီးပဲ ခံစားနေခဲ့သည်။ ဇောင်ချီ ပြောလိုက်သည်။

"သူမက အခု မစ္စဇောင် တရားဝင်ဖြစ်နေတာကိုတောင် မေ့ခဲ့တယ်။ ငါက သူမကို လက်တစ်ချောင်းတည်းနဲ့ ပုတ်ထုတ်နိုင်တယ်"

လက်ထောက်ကျောင် ကသူ့ခေါင်းကို ဆက်ငုံ့ထားပြီး ဘာမှမပြောရဲပေ။ တခုခုနဲ့ သူထင်မြင်ချက်ကို မပြောပြရဲပဲ သူ့ပါးစပ်ကိုသာ ပိတ်ထားတာ ပိုကောင်းလိမ့်မည်။

"သွား၊ ဇောင်ယုဟွမ် ကိုဖုန်းခေါ်လိုက်"

"ဟုတ်ကဲ့၊ သူဌေးဇောင်"

ဇောင်ချီ ကအေးစက်စွာ ပြောလိုက်ပြီး "ဒီနေမကောင်းတာက ငါ့ဝန်းကျင်က လူတွေရဲ့ တကယ့်အစစ်အမှန်ကို အနည်းဆုံးတော့ မြင်လိုက်ရတာပဲ"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now