88❇️ သူ့မျက်လုံးထဲ ငါ့လို ဟုန်ချန်းမင်း ကိုမထည့်တာနဲ့ သေဆုံးရမယ်။

1.6K 289 7
                                    

Unicode

သို့သော် ဇောင်ယုဟွမ် ကသူမအတွေးတွေကို ပြောပြဖို့ အစီစဉ်မရှိပေ။

သူ့ကို ဘာလို့ထည့်တွက်ရမှာလဲ?

သူ့ကို ဘာကြောင့် သူမအတွေးတွေကို ဝေမျှရမှာလဲ?

ဝမ်ယောင်ချန်း ကသူ့စကားမှားသွားတာကို ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်သည်။ “တောင်းပန်ပါတယ်၊ ကိုယ် တကယ့်ကို မင်းကို ချစ်တာပါ၊ ဒါကြောင့် ကိုယ်မတွေးပဲ ပြောလိုက်မိတာ” သူက ရပ်လိုက်ပြီး သူ့အမူအရာအား အလျင်အမြန် ပြောင်းလိုက်သည်။

“ကိုယ်က ရိုးရိုးသားသားနဲ့ မင်းကို ကူညီပေးချင်တာပါ၊ မင်းက ကိုယ့်ကို လုံးဝသဘောမကျဘူး ဆိုရင်တောင် ကူညီပေးချင်တာပါ။ သူ့ရဲ့မထားသည့်တဲ့ အချစ်ကနေ လွတ်မြောက်ချင်ရင် ပစ်ပေါက်ဖို့ အကောင်းဆုံး ရွေးချယ်မှုရှိတယ်... တခြားသူတွေက မစ္စတာလန်၊ မစ္စတာဟုန် နဲ့ လီဂျင်းယွမ် တို့ရဲ့စိတ်သဘောထားနဲ့ ဖျက်ဆီးခြင်းကို ကြောက်ကြပေမဲ့ ကိုယ်တော့ မပါဘူး။ မင်းဘာပဲလိုချင်ချင် ကိုယ်လုပ်ပေးနိုင်တယ်”

“သောက်ရေးမပါတာ” အေးစက်ပြီး တင်းမာသည့် အမျိုးသား တစ်ယောက်ရဲ့အသံက အခန်းထဲတွင် ထွက်လာခဲ့သည်။

ဇောင်ယုဟွမ် ကမော့ကြည့်လိုက်ပြီး ဟုန်ချန်းမင်း ကိုမြင်လိုက်သည်။ ထိုနေရာရှိလေထုက အတော်လေးကို ပြင်းထန်နေတာကြောင့် ဟုန်ချန်းမင်း ရဲ့ဆံပင်တွေက လှုပ်ရှားနေကာ သူ့နဖူးက ထင်ရှားနေသည်။ သူ့ငယ်ရွယ်မှုကို ပြန်ရောက်လာသလိုမျိုး တင်းမာပြီး ခြင်္သေ့လိုမျိုး အရှိန်အဝါ ပြင်းထန်နေသည်။

ဝမ်ယောင်ချန်း ရဲ့အမူအရာက မဲမှောင်သွားခဲ့သည်။ ရုတ်တရက်ကြီး နှောင့်ယှက်သူ ရှိလာမယ်လို့ သူမထင်ထားခဲ့ပေ။ ထိုအချိန်တွင် ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ရဲ့စိတ်ကိုရဖို့ သူ့စကားလုံးတွေကို ပြင်ဆင်လာခဲ့သည်။

ဟုန်ချန်းမင်း ရဲ့မျက်ခုံးတွေက ကြုတ်နေပြီး ဒေါသတွေနဲ့ ပြည့်နေသည်။ ခဏအကြာတွင် သူက ဝမ်ယောင်ချန်း ရဲ့ကော်လာကို ဆွဲလိုက်ပြီး မြှောက်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now