14❇ ဒူးတုန်ခြင်း

5.9K 825 8
                                    

<Zawgyi>

ဒူးတုန်ခြင်း

သခင်လေးနန် ကကျောင်းကို ပြန်တက်ဖို့ ပြောပြီး သူတကယ်လုပ်ခဲ့ပေမဲ့ တစ်လတောင် မကြာခင်မှာပဲ လက်လျှော့သွားခဲ့သည်။ အချစ်အတွက် စွန့်လွှတ်ခြင်းက အရမ်းကြီးကို ခက်ခဲတယ်!

ဒါက သခင်လေးနန် သူ့ဘာသာ တွေးလိုက်သည့် အရာဖြစ်သည်။ သူ့အရင်က ဆုံးဖြတ်ချက်ကို လက်လျော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ပစ္စည်းတွေကို ထုတ်ပိုးကာ ကျောင်းကနေ ခိုးထွက်လာခဲ့သည်။

ဟိုက်မြို့တော်ရဲ့ အထက်တန်း ကလေးတွေ အားလုံးနီးပါးက ထိုနေရာတွင်ပဲ တက်ရောက်ကြတာကြောင့် ဇောင်ယုဟွမ် ဘယ်မှာတက်နေလဲဆိုတာ သူသိခဲ့သည်။ Murphy အထက်တန်းကျောင်းကို မောင်းသွားခဲ့ပြီး ကျောင်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။

ကျောင်းသားအများစုက သူ့ကို မှတ်မိကြသည်။ သခင်လေးနန် ကသူတို့ထဲက တစ်ယောက်ကို ဆွဲလိုက်ပြီး မေးလိုက်သည်။

"ဇောင်ယုဟွမ် ကအတန်းတက်နေတုန်းလား?" မကြာခင်က ဇောင်ယုဟွမ် ကကျောင်းတွင် အတော်လေး လူသိများလာခဲ့သည်။

ပထမကတော့ ဇောင်အိမ်တော်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို လူတိုင်းက ကြားခဲ့တာကြောင့် ဖြစ်ပြီး ဒုတိယကတော့ ဇောင်ယုဟွမ် ကကျောင်းပြန်တက်ချိန်တွင် သူမနဲ့ မရင်းနှီးသည့် ကျောင်းသားတစ်စုက အခုတော့ သူမဘေးတွင် ဝိုင်းရံနေပြီး သူမအနောက်ကိုသာ လိုက်နေကြတာကြောင့် ကျောင်းတွင် သူမကို ထင်ပေါ်စေခဲ့သည်။

သခင်လေးနန် က ဇောင်ယုဟွမ် ကိုရှာနေကြောင်း ကြားလိုက်ချိန်တွင် သူတို့က ချက်ချင်း သူ့ကို ပြောလိုက်သည်။

"သူမက ယွဲ့လန်ပလာဇာ ကိုသွားတယ်"

"သူမက တတိယထပ်ကို သွားတယ်လို့ ငါထင်တယ်"

"ဟုတ်တယ်၊ တတိယထပ်က Dongfeng Society လို့ခေါ်တဲ့ ဆိုင်မှာရှိတယ်လို့ ငါထင်တယ်"

လူတိုင်းက သူတို့ရဲ့ အမြင်တွေကို ပြောလိုက်ကြပြီး နောက်ဆုံးတော့ သူတို့က လိပ်စာတစ်ခုကို ပေးနိုင်ခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now