22❇ ကိုကိုမင်း

5K 846 19
                                    

<Zawgyi>

ကိုကိုမင်း

သူတို့ မထွက်ခွာခင် ဇောင်ယုဟွမ် ကသူငယ်ချင်း အားလုံးနဲ့ အဆက်အသွယ်လုပ်ဖို့အတွက် ဖုန်းနံပါတ်၊ MSN၊ ID စတာတွေနဲ့ လဲလှယ်ခဲ့ပြီး အနာဂတ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်လုပ်ဖို့ ရည်ရွယ်ခဲ့သည်။

ဇောင်ယုဟွမ် ထုတ်ပိုးပြီးသည်နှင့် သူတို့သုံးယောက်က လေဆိပ်ကို ဦးတည်သွားခဲ့သည်။ လန်ဂျင်းဇီး ကသူတို့ကို လေဆိပ်ကို ပို့ပေးဖို့ အလုပ်များနေခဲ့ပြီး ဇောင်ယုဟွမ် ကိုဖုန်းခေါ်ခဲ့သည်။

"ဘာမင်ဟန်မှာ ငါ့အတန်းဖော်ရှိတယ်။ မင်းအဲ့နေရာကို ရောက်တာနဲ့ မင်းမှာ မေးစရာရှိလာရင် သူ့ဆီသွားလို့ရတယ်။ ငါ့အတွင်းရေးမှူးက သူ့လိပ်စာကို မင်းကို ပို့ပေးထားတယ်..."

"အင်း၊ ကျေးဇူးတင်ပါတယ်၊ အစ်ကို" ဇောင်ယုဟွမ် ကသူမခေါင်းကို နိမ့်ထားပြီး ဖုန်းပြောရင်းနဲ့ သူမအိတ်ကို မတွေးပဲ ကန်ထည့်လိုက်သည်။ လန်ဂျင်းဇီ ကအချိန်နည်းနည်းလောက် ရပ်တန့်သွားပြီး ပြောလိုက်သည်။

"ငါ ဇောင်ကို ဆက်ကြည့်ပေးထားမယ်" ဇောင်ယုဟွမ် ကပိုပြီး ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ အစ်ကို"

"နောက်ကျနေပြီ၊ ငါတို့ သွားသင့်ပြီ"

"အိုကေ" ဖုန်းချပြီးနောက် ဇောင်ယုဟွမ် ကသူမစာကို စစ်ဆေးလိုက်သည်။ သေချာစွာဖြင့် အတွင်းရေးမှူးချန်း ဆီမှစာတစ်စောင် ရောက်နေတာကို မြင်လိုက်သည်။ ထို့အတူ ဇောင်ချီ ရဲ့အတွင်းရေးမှူး ဆီကလည်း စာတစ်စောင်ကို တွေ့လိုက်ရသည်။

"မစ္စတာဇောင် ကမိန်းကလေးရဲ့ ထောက်ပံ့ကြေားကို ပေးခဲ့ပြီပြီ၊ မိန်းကလေး ရောက်တာနဲ့ ချိုလီ လို့ခေါ်တဲ့ လူတစ်ယော်က မိန်းကလေးကို လာကြိုလိမ့်မယ်။ သူမက မိန်းကလေး နေဖို့နေရာက သော့တွေကို ပေးလိမ့်မယ်" ဇောင်ယုဟွမ် ဖုန်းပိတ်လိုက်သည်။

ဇောင်ချီ ရဲ့ငွေတွေကြောင့် သူမ စိတ်ထဲမထားတော့ဘူး။ သေချာပေါက်ကို သူမက သူ့ငွေတွေကို သုံးပေးရမှာပေါ့။ ဒါတွင်မကပဲ ဇောင်ချီ ကိုသူမအတွက် ငွေတောင် ထပ်တောင်းနိုင်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now