59❇️ သူကကောင်မ‌ေလးရှာဖို့အသက်အရွယ်ရောက်ပြီ

2.4K 427 26
                                    

<Unicode>

သူက ကောင်မ‌ေလးရှာဖို့ အသက်အရွယ်ရောက်ပြီ

ဇောင်ယုဟွမ် ကအိပ်ရာမှနိုးသောအခါ အရာအားလုံးက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ပထမဦးဆုံး လက်ထောက်ကျောင် ဆီမှဖုန်းကို လက်ခံရရှိခဲ့သည်။ ဖုန်းတစ်ဖက်တွင် လက်ထောက်ကျောင် ကဘာပြောရမှန်း မသိပေ။ "မိန်းကလေးဇောင်က မကြာသေးခင်က မိန်းကလေးရန် ရဲ့ TV ရှိုးပွဲကို သွားခဲ့တာလား?"

သူမရဲ့ခရီးစဉ်ကို သိပေမဲ့ သူမခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အတိအကျ မသိခဲ့‌ေပ။ ရှာ‌ေဖွမှုရလဒ်နဲ့ ဗီွဒီယိုများမှ ပုံတွေကို မြင်ပြီးနောက် သူသိခဲ့သည်။

ဇောင်ယုဟွမ် ကတည့်တည့်ပဲ လိမ်ညာလိုက်သည်။ "ဒီကိစ္စက စီးပွားရေးကိုပဲ အာရုံစိုက်တဲ့ခေတ် မဟုတ်တော့ဘူး။ ကော်ပိုရေးရှင်းတစ်ခုရဲ့ အကြီးအကဲအနေနှင့် တခါတရံ တစ်ယောက်ယောက်ကို မျက်နှာပြသဖို့က အရေးကြီးတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့ အမှတ်တံဆိပ်ကို လူသိများပြီး တစ်ချိန်တည်းမှာပဲ ကောင်းမွန်တဲ့ ပုံရိပ်ကိုလည်း တည်ဆောက်ပေးတယ်"

ထိုစကားကို ကြားလိုက်ပြီး လက်ထောက်ကျောင် ကစိတ်ရင်းမှန်ဖြင့် သဘောတူကာ ပြောလိုက်သည်။ "မိန်းက‌ေလး‌ေဇာင်က အရမ်းတော်တာပဲ"

ထိုစကားကို ပြောလိုက်ပြီး လက်ထောက်ကျောင် ကရယ်လိုက်သည်။ "ဒီကိစ္စမှာ ကျွန်တော်တို့က ကြော်ငြာအတွက် အများကြီး အကုန်အကျသက်သာသွားပြီ။ နောက်ပြီး ထိပ်ဆုံးရောက်တာနဲ့ မိန်းကလေးဇောင်က ‌ေငွတွေကို ဖန်တီးနိုင်လိမ့်မယ်။ နှစ်ခုလုံးက အကောင်းဆုံးတွေပဲ!"

ထိုစကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် သည်အလွန်‌ေပျာ်ရွှင်သွားသည်။ သူမသည် ပစ္စည်း‌ေတွကို နေရာချ‌နေပေမဲ့ လက်ထောက်ကျောင် ကလက်ထောက်ကောင်း တစ်ယောက်ဖြစ်တာကြောင့် သူမကို သဘောတူခဲ့သည်။

"မကြာသေးခင်တုန်းက မိန်းကလေးဇောင် မှာအခြားအစီအစဉ်တွေ ရှိခဲ့တာလား? စီစဉ်‌ေပးဖို့ အကူအညီလိုအပ်လား?" တစ်ဖက်မှ  ခက်ထောက်ကျောင် ကမေးလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now