32❇ စခန်းချခရီး

3.8K 618 5
                                    

<Unicode>

စခန်းချခရီး

စခန်းချခရီး မတိုင်ခင် ဇောင်ယုဟွမ် ကအိမ်စာ တချို့ကို ပြုလုပ်ခဲ့သည်။ အင်္ဂလန်တွင် လူသိများသည့် စခန်းချနေရာများစွာ ရှိတာကို သူမ သိခဲ့သည်။

တချို့က ရေကန်တွေနဲ့ နီးကပ်ပြီး တချို့က ဥယျာဉ်တွေရှိပြီး တချို့က လယ်ယာမြေတွေရှိပြီး တချို့ကတော့ တောင်တွေရှိသည်... အများစုကတော့ လည်ပတ်လို့ကောင်းသည့် ပတ်ဝန်းကျင်ဖြစ်သည်။

သူမကို အံ့အားသင့်စေတဲ့ နေရာတွေကတော့ တခြားသူတွေ သိပ်မရွေးချယ်ကြသည့် Knights Camp, Hooks House Farm, Middle Stone Farm.... တိုဖြစ်ပေမဲ့ တချို့နေရာတွေက တောင်ထဲတွင် တည်ရှိကြသည်။ လမ်းကလည်း ကျဉ်းမြောင်းသည့် တောင်ကြားလမ်းဖြစ်သည်။

ယာဉ်တန်းက ထွက်သွားပြီးနောက် တောင်ကြားလမ်းကို ဝင်ရောက်ချိန်တွင် ကားက လှုပ်ရှားသွားတာကြောင့် ဇောင်ယုဟွမ် နိုးလာခဲ့သည်။ သူမအပေါ်က အင်္ကျီကို ဆွဲလိုက်ပြီး ပြတင်းပေါက် အပြင်ကို ကြည့်လိုက်ကာ သစ်ပင်ကိုင်းပေါ်တွင် ရေခဲအလွှားပါးလေးနဲ့ တစ်ဝက်လောက် ခဲနေသည့် ရေကန်ကိုလည်း တွေ့လိုက်ရသည်။

အင်္ဂလန်ရဲ့ ဆောင်းရာသီက ဟိုက်မြို့တော်ကလောက် မအေးပေ။ ဒီနေရာတွင် နှင်းကျရုံသာရှိပြီး ရေကန်ကို ခဲလောက်တဲ့အထိ အပူချိန်နည်းပါးတာက ရှားပါးသည်။

ယာဉ်တန်းက ရေကန်နဲ့ သိပ်မဝေးသည့် နေရာတွင် ရပ်လိုက်ပြီး လူတိုင်းကို ကားထဲကနေ ထွက်စေခဲ့သည်။ မာရီယာ ကသစ်ပင်နှစ်ပင်ကြားက ကြိုးတန်းကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

"ငါမနှစ်ကတုန်းက ဒီကိုရောက်ခဲ့ဖူးတယ်။ ဒါက ပြီးခဲ့တဲ့ နှစ်တုန်းက ငါထားခဲ့တဲ့ ပုခတ်ပဲ" တစ်စုံတစ်ယောက်က ရယ်လိုက်သည်။

"အိပ်ရာမဟုတ်တော့ဘူး၊ အခုတော့ သစ်ပင်နှစ်ပင်ကြားမှာ ကြိုးပဲကျန်တော့တယ်"

"ဒီညအသစ်တစ်ခု ငါတို့ ထားလိုက်မယ်" ဇောင်ယုဟွမ် ကလည်း အင်္ကျီတွေကို ပတ်ထားရင်း ကားထဲကနေ ထွက်လာခဲ့သည်။

သူမက အိပ်ရာကနေ နိုးလာတာကြောင့် သူမ ကားအပြင်ကို လျှောက်လိုက်သည်နှင့် အေးစက်မှုကို ခံစားလိုက်ရသည်။ အပေါ်ဝတ်တွေ ဝတ်ထားတာတောင် သူမက အေးနေတုန်းဆိုရင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ဆိုရင်ကော?

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now