90❇️ အတွဲဖန်တွေအားလုံး သေသွားကြပြီလား?

1.5K 270 13
                                    

Unicode

ဟုန်ချန်းမင်း အားလုံး လုပ်ခဲ့တာတောင်မှ ဘာသတင်းခေါင်းစဉ်မှ မတက်လာသေးပေ။

သူက သတင်းထွက်ဖို့များ မလုံလောက်တာလားလို့ တွေးလိုက်မိသည်။

ဟုန်ချန်းမင်း က Weibo ရဲ့ထိပ်ဆုံး ရှာဖွေမှုအား အကြိမ် ၃၀/၄၀ လောက် refresh လုပ်ခဲ့သည်။

ဇောင်ယုဟွမ် ကသူ့မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်နေခဲ့ပြီး ခေါင်းအုံးကို ဖက်ထားကာ ဟန်ယင်ယင် နဲ့အွန်လိုင်းဂိမ်းအား ကစားနေခဲ့သည်။

ဟုန်ချန်းမင်း ကဘယ်လောက်ပဲ refresh လုပ်ပါစေ ထိပ်ဆုံးခေါင်းစဉ်နေရာက လီဂျင်းယွမ် သာအမြဲတမ်း ဖြစ်နေခဲ့သည်။

#နိုင်ငံတော်ကျေးဇူးရှင် အစ်ကိုလေး#

နှိပ်ဝင်လိုက်ပြီး အချစ်ဝန်ခံခြင်း ကွန့်မန့်ပုံစံမျိုးစုံအား မတူညီစွာ တွေ့လိုက်ရသည်။

"TvT ကျေးဇူးပြုပြီး၊ လီဂျင်းယွမ် လိုမောင်လေးမျိုးကို ဘယ်နေရာကနေ မွေးစားလို့ရနိုင်မလဲ?"

"အပေါ်က +1, ငါလည်း ကျက်သရေရှိတဲ့ မိဘမဲ့လေး လိုချင်တယ်! ငါ မိဘမဲ့ကို ငွေတွေလှူဒါန်းခဲ့ရင် လီဂျင်းယွမ် တစ်ယောက်လောက်တော့ ရနိုင်မလား?!"

"ဟွမ်ဟွမ်၊ ငါ့အစ်ကိုလေးလီ ကိုကြည့်ပါ! အစ်ကိုလေးလီ ရဲ့စိတ်သဘောထားက အရမ်းကိုကောင်းတယ်!"

"ငါတကယ်ပဲ လီဂျင်းယွမ် လိုမောင်လေးမျိုး လိုချင်မိတယ်၊ အားးး။ သူက ငယ်ရွယ်ပေမဲ့ အစ်ကိုကြီး တစ်ယောက်လိုမျိုးပဲ။ ချစ်သူကောင်လေး စွမ်းရည်က အရမ်းကို များပြားတာပဲ!"

" (〃゚3゚〃) ငါ့မောင်လေးကိုတောင် သတိရမိတယ်။ ငါတို့အိမ်မှာဆို အမြဲတမ်း ရန်ဖြစ်ကြတာ၊ ဒါပေမဲ့ အရေးကြီးလာရင် ငါ့ဘက်မှာပဲ အမြဲတမ်း ရှိပေးတယ်..."

"ဝူးး၊ နိုင်ငံတော်က မောင်လေးတစ်ယောက်ကို ပေးသနားပါ..."

ဟုန်ချန်းမင်း က "နိုင်ငံတော်ကျေးဇူးရှင် အစ်ကိုလေး"ဆိုသည့် ခေါင်းစဉ်ဖြင့် ထိပ်ဆုံးနေရာတွင် တွေ့ခဲ့ပေမဲ့ ထိုအချိန်က စိတ်မဝင်စားခဲ့ပေ။ ဒါတွေက ဘာတွေကို ပြောနေကြမှန်းလည်း သူ မသိပေ၊ သို့သော် ဒီနေ့တော့...

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now