37✳️ မဒမ်ကဒါနဲ့ပတ်သက်ပြီးတခုခုလုပ်ရင်သွားကြည့်

3.3K 546 4
                                    

<Unicode>

မဒမ်က ဒါနဲ့ပတ်သက်ပြီး တခုခုလုပ်ရင် သွားကြည့်

ဇောင်ယုဟွမ် ကအဖေလန် အတွက် ပြင်ဆင်ပေးထားသည့် လက်ဆောင်မှာ အလွန်နူးညံ့သည့် ဆိတ်သားရေနဲ့ ပြုလုပ်ထားသည့် လည်စည်းဖြစ်သည်။ ဒါက အရည်အသွေးကောင်းပြီး ထိပ်တန်းအရာရှိ တစ်ဦးက ဒီပစ္စည်းကို ရနိုင်ရန် အတော်လေးကို ခက်ခဲသည်။

ဇောင်ယုဟွမ် ကညစာစားပြီးနောက် လန်အိမ်တော်တွင် နေထိုင်ခဲ့သည်။ သူမက လန်ဂျင်းဇီ နဲ့နီးကပ်သည့် အခန်းတွင် နေရန်စီစဉ်ခဲ့သည်။ သူမအမေက သေဆုံးသွားခဲ့ပြီး သူမအဖေကနေ နိုင်ငံခြားကို "ပြည်နှင်ဒဏ်"ခံရတာကြောင့် သူတို့တွေက သူမကို အထင်မသေးကြပေ။

သူမအခြေကျပြီး အချိန်အနည်းငယ်တွင် လန်ဂျင်းဇီ ကအတွင်းရေးမှူးချန်း နဲ့အတူ တံခါးလာခေါက်ခဲ့သည်။ ဇောင်ယုဟွမ် ကအခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး သူတို့ကို ထိုင်ခိုင်းလိုက်သည်။ အတွင်းရေးမှူးချန်း ကအဆင်မပြေတာကို ဘာမှမခံစားရပဲ ပြောလိုက်သည်။

"မစ္စတာဇောင် ကပြီးခဲ့တဲ့ ဩဂုတ်လက မြင်းစီးကလပ်မှာ ပြုတ်ကျခဲ့ပြီး မြင်းခွာနဲ့ ဒူးခေါင်းကို ထိမိခဲ့တယ်။ အဲ့အချိန်တည်းက သူက ပြန်မကောင်းလာသေးဘူး။ ပြီးတော့ မစ္စရှု ကခေါင်းမာပြီး တစ်စိတ်တစ်ပိုင်းကိုလည်း ကြိုးစားနေခဲ့တယ်။ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးခြင်းကနေ မျက်နှာသာရချင်နေခဲ့တယ်"

"ပြီးခဲ့တဲ့ နှစ်အဆုံးတုန်းက ရှုရှင်း မွေးနေ့ဖြစ်ပြီး မစ္စတာဇောင် ကသူ့မွေးနေ့ပွဲအတွက် ဖိတ်ကြားချက်တွေကို ပို့ပေးခဲ့ပြီး မစ္စတာဇောင်က ရှုရှင်း ကိုသူ့သားအဖြစ်နဲ့ တရားဝင်ပြုလုပ်တော့မယ်လို့ ကောလဟာလတွေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ မွေးနေ့ပွဲက ပျက်သွားခဲ့သည်။ ဒီနှစ်မှာတော့ မစ္စတာဇောင် ရဲ့ကျန်းမာရေး ကယို့ယွင်းလာခဲ့တယ်...."

"ပြီးခဲ့တဲ့ လတုန်းက မစ္စတာဇောင် ကရုတ်တရက်ကြီး သတိလစ်သွားလို့ ဆေးရုံပို့ခဲ့ရတယ်။ စမ်းသပ်ကြည့်တော့ သူ့ကိုယ်ထဲမှာ အာဆင်းနစ် ပါဝင်မှုကို တွေ့ရပြီး သူ့မိသားစု ဆရာဝန်က ပျောက်သွားခဲ့တယ်"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now