67❇️ ယုတ္တိမရှိတာ‌ေတွ ပြောမနေနဲ့! သူတို့က မောင်နှမ ဆက်ဆံရေးပဲရှိတာ

2.5K 419 18
                                    

Unicode

ဒီအကြံက ထိတ်လန့်စရာကောင်းပေမဲ့ ထိုအကြောင်းကို စဉ်းလိုက်လိုက်ရင်း ‌ဇောင်ချီ သည်ကွယ်လွန်သွားခဲ့ပြီး သူမကို စီမံခန့်ခွဲပေးမဲ့သူ ဘယ်သူမှမရှိပေ။ ဒီအကြံက ဖြစ်နိုင်တယ်လို့ ‌ဇောင်ယုဟွမ် တွေးလိုက်သည်။

ထိုအကြံနှင့် ဇောင်ယုဟွမ် ရဲ့ခြေလှမ်း‌ေတွက ပေါ့ပါးသွားခဲ့သည်။

စင်အနောက်ကို ရောက်ပြီးနောက် လူတိုင်းက အလာပ်များနေတာပြီး သူမနဲ့ ဟုန်ချန်းမင်း တို့ကိုဘယ်သူမှ အာရုံမရှိကြပေ။

သို့သော် ဝေ့ကျဲ ကသူတို့ကို မြင်လိုက်ပြီး လာနှုတ်ဆက်ခဲ့သည်။ အရင်ကလည်း သူတို့သည် တေွ့ဆုံဖူးခဲ့ကြသည်။ "မစ္စဇောင်!"

လီဂျင်းယွမ် ရဲ့ကျော်ကြားမှုဖြင့် ဝေ့ကျဲ လည်းလူသိများလာခဲ့သည်။ သူ့လှုပ်ရှားမှုတိုင်းက များစွာသော လူများရဲ့အာရုံကို ဖမ်းစားခဲ့သည်။

သူသွားတိုင်း တခြားလူတွေကလည်း လိုက်လာကြတာကြောင့် သူတို့လည်း ဇောင်ယုဟွမ် ဆီရောက်လာကြသည်။

မျက်တောင်တစ်ခတ်အတွင်း ဝေ့ကျဲ ရောက်လာခဲ့သည်။

နောက်ဆုံးတော့ ဘေးဘက်ရှိ ဟုန်ချန်းမင်း မြင်သွားပြီး နှုတ်ဆက်လိုက်သည်။ "မစ္စတာဟုန်"

လူတိုင်းက ထိုနာမည်နှစ်ခုကို ကြားလိုက်ချိန်တွင် သူတို့ကို ချက်ချင်း သိသွားခဲ့ကြသည်။

ဒါက လီဂျင်းယွမ် နဲ့အတူတူ ရှိုးပွဲမှာ ရိုက်ကူးခဲ့ကြတဲ့ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့မလား? ဘာကြောင့် သူတို့နှစ်ယောက်က ဒီနေရာကို အတူတူ လာကြတာလဲ? သူတို့ဆက်ဆံ‌ေရးက သာမန်မဟုတ်‌ေလာက်ဘူး။

လီဂျင်းယွမ် ဆီသွားရင်တော့ သူတို့ရဲ့ဆက်ဆံရေးက ပုံမှန်မဟုတ်တာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပဲ!

ကြည့်! ဝေ့ကျဲ တောင်သူတို့နဲ့ ‌ရင်းနှီးနေတယ်!

ဒီနေရာရှိ ဝန်ထမ်းတွေက 'အချိန်ခရီးသွာခြင်း' နောက်ကိုလိုက်နေကြပြီး အင်တာနကါရှိ မှတ်ချက်တွေကို ဖတ်ရှုကြသည်။

ရှေ့တွင်မြင်ရသည့်အတွက် လူတိုင်းသည် အတင်းအဖျင်း ရှာဖွေခြင်းကို ခံစားခဲ့ရသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now