94❇️ သာမန်မိသားစု

1K 243 8
                                    

Unicode

ဇောင်ယုဟွမ် ရဲ့အတွေးတွေက ရိုးရှင်းသည်။ ဒီအချိန်မှာ လီဂျင်းယွမ် ကိုပြန်ခေါ်ဖို့အတွက် လီဂျင်းယွမ် ကလိမ်ကကျစ်နဲ့ ကစားနိုင်တဲ့ လူမျိုးမဟုတ်ဘူးလို့ သူမက လက်ထောင်ဒေါင် ကိုပြောချင်တာ ဖြစ်သည်။ သူက တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ဖို့ ငိုကြွေးတက်သည့် လူမျိုးမဟုတ်ပေ။

တစ်ဖက်တွင် လီဂျင်းယွမ် ကအဖိုးတန်တယ်လို့ သူမ ခံစားနေရတုန်းပင်။

ဇာတ်လိုက်ဖြစ်ဖြစ်၊ ဗီလိန်ဖြစ်ဖြစ် သူတို့စိတ်ကျန်းမာဖို့ကသာ အရေးကြီးဆုံးလို့ ဇောင်ယုဟွမ် သတ်မှတ်ထားသည်။

လက်ထောက်ဒေါင် က လီဂျင်းယွမ် အကြောင်းကို အများကြီး မတွေးသော်လည်း ဇောင်ယုဟွမ် ကိုလျစ်လျူမရှုထားရဲပေ။ ဇောင်ယုဟွမ် က လီဂျင်းယွမ် အပေါ်တွင် ပြောဆိုပိုင်ခွင့် ရှိရှိမရှိရှိ သူမအရည်အချင်း အားလုံးက သိသာသည်။

“အိုကေ၊ ဒါဆို ကျွန်တော်အခု ဒါရိုက်တာလီ ကိုချက်ချင်း ဆက်သွယ်လိုက်ပါမယ်”

ဇောင်ယုဟွမ် ကသူ ဒါရိုက်တာလီ ကိုဖုန်းခေါ်မှာ စောင့်မနေခဲ့ပေ။ သူမက ထ,ရပ်လိုက်ပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်ပြီးနောက် လီဂျင်းယွမ် အားဗီလာသို့ ပြန်ခေါ်လာခဲ့သည်။ ကားထဲတွင် ဇောင်ယုဟွမ် ကသူ့အား ဆက်ပြောနေခဲ့သည်။ “သိပ်မကြာခင်က မြို့တော်သတင်းတချို့ကို မြင်ခဲ့တယ်”

“ဟမ်?” လီဂျင်းယွမ် ကသူမပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်နေခဲ့သည်။

“သားသမီးတွေကို စွန့်ပစ်တဲ့ မိသားစုတွေ အများကြီးရှိတယ်၊ နောက်တော့ တစ်နေ့မှာ ရုတ်တရက်ကြီး သူတို့က သူတို့သားသမီးတွေကို ပြန်ရှာဖွေကြတယ်။ တစ်ဝက်လောက်ကတော့ သူတို့အသက်အရွယ်ရပြီး သူတို့ကလေးရဲ့ ထောက်ပံ့မှုကို လိုချင်ကြလို့ပဲ။ တခြားတစ်ဝက်ကတော့ သူတို့အိမ်မှာရှိတဲ့ ကလေးတွေက ယူရေးမား၊ နှလုံးရောဂါ၊ လူကီးမီးယား... လိုမျိုး ရောဂါတွေ ခံစားနေရလို့၊ နောက်ပြီး သူတို့အကြီးဆုံး ကလေးက ကျောက်ကပ်၊ နှလုံး၊ သွေး၊ ရိုးတွင်းချဉ်ဆီ၊ အသည်း... အဲ့လိုမျိုးတွေ လိုအပ်လို့ပဲ” ဇောင်ယုဟွမ် ကအသက် တစ်ချက်ရှူကာ အားလုံးကို ပြောလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now