7❇ အံ့ဩဖွယ်ဇောင်ယုဟွမ်

6.9K 978 13
                                    

<Zawgyi>

အံ့ဩဖွယ် ဇောင်ယုဟွမ်

ဇောင်ယုဟွမ် ကအဆင့်အတန်း မြင့်မားသည့် နာမည်ကြီး Murphy အထက်တန်းကျောင်းတွင် တတ်ရောက်နေခဲ့သည်။ ဒီနေရာရှိ ကျောင်းသားအများစုက စီနီယာ အထက်တန်း ဝင်ခွင့်စာမေးပွဲ မတိုင်ခင် နိုင်ငံခြားကို ထွက်သွားကြလိမ့်မည်။

ဇောင်ယုဟွမ် ကအထက်တန်း ကျောင်းကို တက်ရောက်ပြီး ကျောင်းနားသို့ ပြောင်းနေမယ်လို့ ပြောပြီး ၅ သန်းကို တောင်းဆိုတာက ရှုယုရှန်း လိုကျည်ဆံအဝလို လူမျိုးတွေအတွက် အရူးလုပ်ခြင်းဖြစ်သည်။

သူတို့ကားက ကျောင်းရှေ့တွင် ရပ်တန့်သွားခဲ့သည်။ ကျောင်းတံခါး အပြင်ဘက်တွင် ဇိမ်ခံကားများစွာ ရပ်ထားတာကို တွေ့လိုက်ရသည်။ ကောင်လေး၊ ကောင်မလေး အများစုက ကားထဲက ထွက်လာကြပြီး ယာဉ်မောင်းတွေက အတွင်းရေးမှူးတွေ ဖြစ်ပြီး သူတို့ အမေတွေက လိုက်ပို့ကြတာ ရှားသည်။

ဇောင်ယုဟွမ် ကသူမလက်ကို ကားတံခါးကို ဖွင့်ဖို့ ကိုင်လိုက်ပေမဲ့ ချက်ချင်း မဖွင့်လိုက်ပဲ ကောင်လေး နှစ်ယောက်ဘက်ကို လှည့်လိုက်ပြီး ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါနဲ့ အတူလိုက်ဝင်လိုက်ပါ"

လီဂျင်းယွမ် ကချက်ချင်း ခေါင်းညိတ်လိုက်သည်။ ဟုန်ချန်းမင်း ကတော့ ဘာမှမပြောပေ။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုစိုက်ကြည့်လိုက်ပြီး ရုတ်တရက် သတိရသွားသည်။

"အို၊ သူ့အတွက် ဆံညှပ် မေ့သွားခဲ့တာပဲ"

သူမရဲ့ စိုက်ကြည့်မှုက ဟုန်ချန်းမင်း ကိုမသက်သာသလို ခံစားလိုက်လိုက်ရသည်။

"အဆင်ပြေပါတယ်" ဇောင်ယုဟွမ် ကအတွင်းရေးမှူးချန်း ကိုကြည့်လိုက်သည်။

"အတွင်းရေးမှူးချန်း မှာကပ်ကြေး အပိုရှိလား?"

"ကားထဲမှာ အပိုရှိတယ်"

အတွင်းရေးမှူးချန်း ကသူမဘာလုပ်ဖို့ စီစဉ်နေလဲဆိုတာကို နားလည်လိုက်သည်။ ဒါက နည်းနည်း ရူးသွပ်တဲ့ အကြံဉာဏ်လို့ တွေးလိုက်ပေမဲ့ သူမ ပျော်နေသမျှ ဘာမှမဖြစ်နိုင်ဘူးလို့ စဉ်းစားလိုက်မိသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now