27❇ ကျောင်းပြောင်းခြင်း

4.2K 637 6
                                    

<Zawgyi>

ကျောင်းပြောင်းခြင်း

လီဂျင်းယွမ် ကတခြားကျောင်းကို ပြောင်းဖို့မဆုံးဖြတ်ခင် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။ ဇောင်ယုဟွမ် ကမအံ့ဩခဲ့ပေ။ အဆုံးတွင် သူက စာအုပ်ထဲက အမျိုးသား ဇာတ်လိုက်ဖြစ်သည်။

သူ့အပြင်ဘက်ပုံစံက နူးညံ့ပြီး သိမ်မွေ့သည့် သူဖြစ်ပေမဲ့ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အင်အားတွေက ခိုင်မာသည်။

ဇောင်ယုဟွမ် အံ့ဩသွားတာက ဟုန်ချန်းမင်း ကလည်း သူ့နောက်မှ တခြားကျောင်းကို ပြောင်းသွားခဲ့တာ ဖြစ်သည်။ ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်စွာဖြင့် ပြုံးလိုက်ပြီး မေးလိုက်သည်။

"မင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ထောက်လှမ်းနေကြတာလား?"

"မဟုတ်ဘူး!" နှစ်ယောက်လုံးက တပြိုင်နက် ထ,ပြောလိုက်ကြသည်။

"အိုကေ၊ ဒါဆိုလည်း မင်းလည်း ပြောင်းပါ။ ဒါပေမဲ့ ငါတော့ ဒီမှာပဲ နေမယ်။ ငါကောလိပ် တက်တာနဲ့ ပိုပြီး လွတ်လပ်လာလိမ့်မယ်"

ဒီနေရာ အထက်တန်းကျောင်းမှာ ပညာရေး လိုအပ်ချက်တွေ အများကြီး မရှိပေမဲ့ ဇောင်ယုဟွမ် တရုတ်ပြည်ကို ပြန်ချိန်မှာ သူမဘဝအတွက် လှုပ်ရှားဆောင်ရွက်နိုင်သည့် အချက်အလက်တွေ အများကြီးရှိသည်။

ဇောင်ယုဟွမ် ကဒီနေရာတွင် ပျော်ရွှင်နေပြီး မပြောင်းချင်ပေ။ နှစ်ယောက်လုံးက သူတို့ရဲ့ လျှောက်လွှာတွေကို လျင်မြန်စွာ လုပ်ဆောင်ကြပြီး အနီးက အထက်တန်းကျောင်းကို ပြောင်းသွားခဲ့ကြသည်။

ဒါက အထက်တန်းကျောင်း ဖြစ်ပေမဲ့ ဇာတ်လိုက်နဲ့ ဗီလိန်တို့က သင်ကြားဖို့ စွမ်းရည်တွေက ပြင်းထန်တာကြောင့် သင်ကြားရေး ပတ်ဝန်းကျင်က သူတို့အတွက် အရေးမပါပေ။ ဒါ့ကြောင့် ဇောင်ယုဟွမ် ကသူတို့အတွက် ဒီအပေါ်တွင် ထင်မြင်ချက် မပေးခဲ့ပေ။

ဇောင်ယုဟွမ် ကသူတို့ ကျောင်းအသစ်ကို သွားသည့်အချိန်တွင် ခွင့်ယူခဲ့ပြီး သူတို့သုံးယောက် အတူတူ အထက်တန်း ကျောင်းအသစ်ကို သွားခဲ့ကြသည်။ ဇောင်ယုဟွမ် ကကျောင်းထဲကို လျှောက်သွားရင်း ပတ်ဝန်းကျင်ကို လေ့လာကာ လျှောက်သွားလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now