55❇️ ဇာတ်လိုက်မနဲ့အခန်းမျှဝေခြင်း

2.5K 465 19
                                    

<Unicode>

ဇာတ်လိုက်မနဲ့ အခန်းမျှဝေခြင်း

ဇောင်ယုဟွမ် သည်ကင်မရာရှေ့တွင် သူမ ခံစားချက်တွေကို ထုတ်မပြချင်တာကြောင့် လီဂျင်းယွမ် ရဲ့ပုခုံးပေါ်ကို မှီလိုက်သည်။ အာ၊ အမှန်ပဲ။ ဒါကိုပြသရင် ဖန်တွေက သူမကို ပြောဆိုကြလိမ့်မယ်။ မကြာခင် သူမက သူ့အစ်မဖြစ်ကြောင်း သူတို့ရှာတွေသွားလိမ့်မယ်။ အဲ့ဒါဆို သူမကို ဘယ်သူမှ အပြစ်တင်ကြတော့မှာ မဟုတ်ဘူး။

ဇောင်ယုဟွမ် မျက်လုံး မှိတ်ခါနီးတွင် ဟုန်ချန်းမင်း ကအနောက်ကို ကြည့်လိုက်ပြီး ရုတ်တရက် ထပြောလိုက်သည်။ "အဲ့လိုအိပ်ရင် အအေးမိလိမ့်မယ်"

ဘရိတ်ကို နင်းလိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ကာ သူ့ဂျာကင်အား မြန်မြန်ချွတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုပေးလိုက်သည်။ "ဒီပေါ်မှာအိပ်"

ဇောင်ယုဟွမ် : "……"

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးသည် အရင်ကအတိုင်း ပြုမူခဲ့ကြသည်။ သူတို့က အတူတူ ကြီးပြင်းလာကြပြီး အချင်းချင်း ကြင်နာကြသည်။ ပုံမှန်ဆိုရင် ဘယ်သူမှ ဒီလိုမျိုး အကြောင်းအရာကို နှစ်ခါစဉ်းစားမည် မဟုတ်ပေ။

သို့သော် ဇောင်ယုဟွမ် ကတော့ ကင်မရာအောက်တွင်ရှိတာကြောင့် တွေးတောခဲ့ရသည်။

သူမသည် သူမအောက်နှုတ်ခမ်းကို လျက်လိုက်ပြီး ဂျာကင်ကို ဆွဲယူလိုက်သည်။ ပထမပိုင်းကို ထုတ်လွှင့်ချိန်ကြရင် ကွန့်မန့်တွေက ပလူပျံနေမှာကို သူမ မြင်နေသည်။ သူတို့က သူမကို ဘယ်လိုခေါ်ကြမလဲ? ပရောပရည်လုပ်တာ? အရှက်မရှိတာ?

ဇောင်ယုဟွမ် သည်သူမခေါင်းထဲမှ အမျိုးမျိုးသော ရူးနှမ်းသည့် အကြောင်း‌ေတွကို စဉ်းစားနေရင်း ဂျာကင်ကို ကိုင်ထားကာ မျက်လုံးတွေကို မှိတ်လိုက်ပြီး အိပ်လိုက်သည်။

ကောမိုင် ကခရီးသည်ခုံတွင် ထိုင်နေရင်း အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမက ဖျော်ဖြေရေး လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာကြောင့် အထိခိုက်မခံကာ မြင့်မားသည့် EQ ရှိသည်။ ကားထဲရှိ ပုံမှန်မဟုတ်သည့် လေထုကို ချက်ချင်းသတိပြုမိခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now