3❇ မငိုပါနဲ့

8.3K 1K 13
                                    

<Zawgyi>

မငိုပါနဲ့

ရှုယုရှန်း ကနောက်ဆုံးတွင် ဇောင်အိမ်တော်ကို ပြောင်းရွှေ့လာခဲ့ပြီး သူမရဲ့ မိန်းကလေးဇောင်ဆိုတဲ့ နေရာကို သူမ သူငယ်ချင်းတွေကို ပြသဖို့ မစောင့်နိုင်ပေ။
သူမရဲ့ အရင်လုပ်ဖော်ကိုင်ဖော်နဲ့ အရင်တုန်းက ရင်းနှီးသည့် မိန်းကလေး သူငယ်ချင်းတွေရယ် အမျိုးသား သူငယ်ချင်း တချို့တောင် ဇောင်အိမ်တော်တွင် ကျင်းပသည့် ပါတီတွင် ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့သည်။

အိမ်တော်ရဲ့ တတိယထပ်က ပိုင်ဆိုင်သူမရှိပဲ အသုံးပြုတာ ရှားပါးကြောင်း သူမကြားခဲ့သည်။ ဒါရဲ့ထိပ်ဆုံးမှာတောင် ရေကူးကန်လည်း ရှိတာကြောင့် ပွဲကျင်းပဖို့ ပြည့်စုံတဲ့ နေရာလည်းဖြစ်သည်။ လူတိုင်းကို ဖုန်းဖြင့် ဆက်သွယ်ပြီးနောက်တွင် သူမက လှည့်လိုက်ပြီး အိမ်ဖော်ကို ပြောလိုက်သည်။

"တတိယထပ်ကို ပြင်ဆင်ထား၊ ဒီမွန်းလွဲပိုင်းမှာ ပါတီတစ်ခုအတွက် ဧည့်သည့်တွေ လာကြလိမ့်မယ်"

ဇောင်ချီ ကအစည်းအဝေးအတွက် ရက်အနည်းငယ်လောက် နိုင်ငံခြားကို ထွက်သွားခဲ့ပြီး အိမ်တော်ကို ပြန်လာနိုင်ဦးမှာ မဟုတ်ပေ။ ရှုရန်ဟွေ့ ကဂရုစိုက်ပေးဖို့အတွက် သူနဲ့အတူ လိုက်သွားခဲ့သည်။

မဟုတ်ရင် ရှုယုရှန်း ကအိမ်မှာ ပါတီကျင်းပရဲမှာ မဟုတ်ပေ။ အိမ်ဖော်က အချိန်အနည်းငယ်လောက် ရပ်တန့်သွားပြီး ပြောလိုက်သည်။

"တတိယထပ်.... တတိယထပ်က မနေ့က ရှင်းလင်းခဲ့ပါတယ်။ မိန်းကလေးက သခင်းလေး နှစ်ယောက်ကို ရွှေ့ပေးခဲ့ပါတယ်" ရှုယုရှန်း ရဲ့မျက်နှာ အရောင်က ပြောင်းသွားခဲ့သည်။

"ဘာမိန်းကလေးလဲ? အခုကစပြီး သူမကို ဒုတိယမိန်းကလေးလို့ ခေါ်ရမယ်! နောက်ပြီး အဲ့ဒီ့ကလေးတွေကို သခင်လေးတွေလို့ မင်းဘာလို့ပြောတာလဲ? ဇောင်မှာ သခင်လေး တစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါက ငါ့မောင်လေးပဲ!"

အိမ်ဖော်က ဘာမှမပြောပဲ သူမခေါင်းကိုသာ ငုံ့ထားခဲ့သည်။ ဒါက ဆယ်နှစ်ကျော်သွားခဲ့ပြီ၊ သူတို့အတွက် ပြောင်းခေါ်ရန်က မလွယ်ကူပေ။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now