12❇ ပိုသန်မာပြီးအင်အားတောင့်ဖို့

6.1K 871 5
                                    

<Zawgyi>

ပိုသန်မာပြီးအင်အားတောင့်ဖို့

ဇောင်ယုဟွမ် ရဲ့ဩဇာလွှမ်းမိုးမှုကြောင့် သူမဘေးက ဝန်းရံနေကြသည့် ဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးများကလည်း သူတို့ရဲ့ အနာဂတ် အစီစဉ်တွေကို စတင်စီစဉ်လာခဲ့သည်။

အနာဂတ်တွင် သူတို့က အရူးလို မဖြစ်ချင်တာကြောင့် သူတို့အံကို ကြိတ်ထားပြီး ပြင်းထန်စွာ လေ့လာခဲ့ကြသည်။ သူတို့မိသားစုက သူတို့ရဲ့ ပြောင်းလဲမှုကို သတိထားမိသွားချိန်တွင် ဒါက မကြာခင် ပျောက်ကွယ်သွားမယ်လို့သာ တွေးလိုက်ကြပြီး ဘယ်သူကမှ အာရုံမထားကြပေ။

၁၃ ၁၄ နှစ်အရွယ်ရှိ လူတိုင်းက ဆိုးသွမ်းကြသည့် အသက်အရွယ်ဖြစ်သည်။ သူတို့မိသားစုက ဒီအကြောင်းတွေကို အာရုံမထားကြပဲ သူတို့ကို ဆက်ပြီး စောင့်ရှောက်ဖို့ရန်သာ ကြိုးစားခဲ့ကြသည်။

သူတို့ အရှုံးပေးတော့မည့် အချိန်တိုင်း သူတို့က ဇောင်ယုဟွမ် ကိုကြည့်ကြပြီး သူတို့ရဲ့ စိတ်အားထက်သန်မှုတွေက အသစ်ပြန်ဖြစ်လာခဲ့ကြသည်။

ဇောင်ယုဟွမ် ကိုကြည့်၊ သူမအဖေက ဟိုက်မြို့တော်ရဲ့ ကျော်ကြားသည့် လူဖြစ်ပြီး အခုတော့ သူမအဖေက ဟိုက်မြို့တော်ရဲ့ ပုံရိပ်အသစ်က ထွက်ပေါ်လာခဲ့သည်။

သူမ ဝမ်းကွဲအစ်ကိုကလည်း သေးနုပ်သည့် လူမျိုးလည်း မဟုတ်ပေ.... နောက်ပြီး သူမက လှပတယ်!

ဒါပေမဲ့ သူမက သူမအသွင်အပြင်တွင် မမှီခိုပဲ သူမရဲ့ လုပ်ဆောင်ချက်တွင်သာ မှီခိုချင်သည်.....

သူမကို ဥပမာ ယူပြီးနောက် သူမဆီက ဘယ်သူက မသင်ယူပဲ နေချင်မှာလဲ?

ကလပ်တွင် ဇောင်ယုဟွမ် ပြောခဲ့သည့် စကားတွေကို လူတိုင်းက သဘောတူကြပြီး သူမကို ပိုပြီး သဘောတူကြကာ သူမနဲ့ ပိုပြီး ရင်းနှီးချင်လာကြသည်။ ဇောင်ယုဟွမ် ကငယ်ရွယ်သေးတာတောင် လူတိုင်းက သူမရဲ့ ကလေးဆန်သည့် အသွင်အပြင်ကို လျစ်လျူရှုထားပြီး သူမရဲ့ စကားပြောသည့် အချက်ကိုသာ ကြည့်ခဲ့ကြသည်။

သူမကို သူတို့ အုပ်စုလေးရဲ့ ခေါင်းဆောင် ဖြစ်စေချင်လာခဲ့ကြသည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့သခင်လေးနန် ကိုရိုက်နှက်ပြီးသည့် နေ့ပြီးနောက် ဒီကိစ္စရဲ့ သတင်းနည်းနည်းလေးတောင် မကြားရပေ။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now