45❇️ရိုင်းပြသည့်WeChatမှမှတ်ချက်များ

3.3K 510 5
                                    

<Unicode>

ရိုင်းပြသည့် WeChat မှမှတ်ချက်များ

ဒါပေမဲ့ ဟုန်ချန်းမင်း က Wechat တွင်ပါဝင်သည့် အမှန်တကယ် အကြောင်းအရာတွေကို လျင်မြန်စွာ တွေ့သွားခဲ့သည်။ သူ့ရင်ဘတ်က နှလုံးခုန်သံကလည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူ့ရင်ဘတ်တစ်ခုလုံးက ပူလောင်နေတာကို ဟုန်ချန်းမင်း ခံစားလိုက်ရပြီး အစောပိုင်းက သူရဲ့တုန့်ပြန်မှုတွေကြောင့် ရှက်ရွံ့ခြင်းနဲ့ အပြစ်ရှိသလို ခံစားလိုက်ရသည်။

ခံစားချက်တွေက လျင်မြန်စွာ ရောက်လာပြီး ပြန်ထွက်သွားခဲ့သည်။ ထိုအရာက လျင်မြန်တာကြောင့် ဘာတွေဖြစ်သွားမှန်းတောင် ဟုန်ချန်းမင်း သတိထားဖို့ အခွင့်အရေးတောင် မရှိလိုက်ပေ။ ဟုန်ချန်းမင်း က WeChat ကအကြောင်းအရာတွေကို ဖတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“အင်း၊ အဲ့ဒါက ငါဟုတ်တယ်”

“ဒါပေမဲ့ WeChat ကအကြောင်းတွေနဲ့ ပတ်သက်ပြီး ငါဘာမှမသိဘူး”

“အခုခေတ် အင်တာနက် သုံးတဲ့သူတွေက ဒီလိုမျိုးတွေပဲ ပြောကြတာလား? သူတို့က... သူတို့က အိပ်ချင်တယ်လို့လေ?”

ဟုန်ချန်းမင်း ကရေးထားသည့် စာလုံးသုံးလုံးအား လျင်မြန်စွာ ဖျက်ပစ်လိုက်သည်။

“ဒါက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ကို ချီးကျူးတဲ့ နည်းလမ်းလား? အတူအိပ်ချင်တယ်လို့ ဆိုလိုတာထက် မင်းက ကြည့်ကောင်းတယ်၊ အတော်လေးကို ခန့်ညားတယ်၊ အဲ့လိုမျိုးတွေကိုပဲ ပြောသင့်တယ်လေ”

အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ကို ချီးကျူးတာလား?

ဟုန်ချန်းမင်း အနည်းငယ် ရုန်းကန်လိုက်သည်။ တစ်စုံတစ်ယောက်က “အိပ်ချင်တယ်”လို့ ပြောတာက ကြည့်ကောင်းတယ်လို့ ဆိုလိုတာလား?

ကောင်းပြီ၊ ဟွမ်ဟွမ် ကအတော်လေးကို ကြည့်ကောင်းနေတယ်....

အတွေးတစ်ခုက ဟုန်ချန်းမင်း စိတ်ထဲတွင် လျင်မြန်စွာ ရောက်ရှိလာပေမဲ့ ထိုအရာကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။ ရုတ်တရက် သူ့နှလုံးခုန်သံက မြင့်တက်လာပြီး သူ့ဖုန်းကို ကိုင်ထားသည့် လက်ချောင်းတွေက စတင်ပြီး တုန်လာခဲ့သည်။ ဒါက မရင်းနှီးတဲ့ ခံစားချက်ပဲ။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now