15❇ ဇောင်ချီအတွက်မိုင်း

5.8K 834 7
                                    

<Zawgyi>

ဇောင်ချီ အတွက်မိုင်း

"အစ်ကို?" ဇောင်ယုဟွမ် ကပြောလိုက်ပြီး ဆိုဖာပြောတွင် ထိုင်လိုက်သည်။ သူမအသံက ငယ်ရွယ်သည့် မိန်းကလေး ပိုင်ဆိုင်သည့် ကြည်လင်သည့် အသံရှိသည်။

သူမအရှေ့တွင် ထိုင်နေသည့် ရှုယုရှန်း ကချက်ချင်းပင် ဇောင်ယုဟွမ် ရဲ့ရှေ့တည့်တည့်မှာ ထိုင်လိုက်ပြီး လက်ထဲက ဖုန်းကို စိုက်ကြည့်လိုက်ရင်း သူမဆီကနေ လန်ဂျင်းဇီ ရဲ့ဖုန်းနံပါတ်ကို တကယ်ပဲ လိုချင်နေခဲ့သည်။ တဖက်တွင် လန်ဂျင်းဇီ ကပြန်ဖြေလိုက်သည်။

"အင်း၊ ဘာလဲ?"

ဇောင်ယုဟွမ် ကသူ့စီးပွားရေးဆန်သည့် အသံတွင် မင်း-ပြော-စရာ-မရှိ-ရင်- ငါ့-ကို- မနှောင့်ယှက်-နဲ့ ဆိုသည့် အသံကြောင့် ဆက်ပြောလိုက်သည်။

"ရှုယုရှန်း" သူမနာမည်ကို ကြားလိုက်သည်နှင့် ရှုယုရှန်း ကပေါက်ကွဲသွားသလို ဖြစ်သွားသည်။

ဇောင်ယုဟွမ် ကဘာတွေးနေတာလဲ? လန်ဂျင်းဇီ ကိုအတင်းအဖျင်း ပြောချင်နေတာလား? မင်းက ကလေးပဲ? မင်းအသက်အရွယ်နဲ့ အတင်းပြောတာလား?

ထို့နောက် ရှုယုရှန်း ကသူမဘာသာ တွေးလိုက်ပြီး အံကြိတ်လိုက်ကာ ဇောင်ယုဟွမ် ရဲ့အသက်အရွယ်က ကလေးပဲ ရှိသေးသည်။ ဇောင်ယုဟွမ် က ရှုယုရှန်း ကိုဖြည်းညှင်းစွာ ကြည့်လိုက်ပြီး တခြားအရာတွေ ပြောလိုက်ရင် လန်ဂျင်းဇီ ကသူမကို ရိုက်နှက်လိမ့်မည်။

"ရှုရန်ဟွေ့ နဲ့သူမသမီးက မင်းကို ထပ်ပြီးအနိုင်ကျင့်ပြန်ပြီလား?"

ဇောင်ယုဟွမ် ကသူမပြောချင်တဲ့ အကြောင်းကို မြိုချလိုက်ပြီး "အင်း" ဆိုပြီး ပြန်တုန့်ပြန်လိုက်သည်။

ထို"အင်း"က အသံနိမ့်လေး ဖြစ်ပေမဲ့ ငယ်ရွယ်သည့် မိန်းကလေးရဲ့ အသံလည်းဖြစ်ပြီး ဖုန်းကို ဖြတ်ပြီး ကြားရတာကြောင့် အသံတိုးကာ အားနည်းတာကြောင့် သူမက မှားယွင်းခဲ့ပြီး ခံစားချက်တွေများနေသည့် အသံဖြစ်နေသည်။ လန်ဂျင်းဇီ ကချက်ချင်းပင် သူမကို ပြောလိုက်သည်။

"အခုချက်ချင်း အတွင်းရေးမှူးချန်း ကိုပို့လိုက်မယ်" ထို့နောက် ချက်ချင်းပင် သူ့စိတ်က ပြောင်းသွားသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now