65❇️ ဖုံးကွယ်ထားသင့်တဲ့ရတနာလေး part 1

2.4K 437 9
                                    

<Unicode>

ဖုံးကွယ်ထားသင့်တဲ့ရတနာလေး

ဝမ်ယောင်ချန်း ကခရီးတွင် အနှိပ်စက်ကို သယ်လာရုံမက သို‌ေလှာင်အိတ်ကိုပါ ယူလာခဲ့သည်။

သူက ဇောင်ယုဟွမ် ဘေးတွင်ထိုင်နေရင်း ကျောကိုအနည်းငယ် ကွေးထားကာ အိတ်ထဲမှ ပစ္စည်းတွေကို ထုတ်လိုက်သည်။ တစ်ခုချင်းစီကို ‌ဇောင်ယုဟွမ် ကိုပြလိုက်ကာ ပြောလိုက်သည်။ "ဒါက ခြေထောက်ကို သန့်ရှင်းပေးတယ်၊ ဒါက... လက်ဖက်ရည်ချက်တာ။ ဒါက မျက်လုံးအကာ၊ ဒါက နားကြပ်... အဲ့ဒါတွေက အသံကာကွယ်မှုမှာ အရမ်းကောင်းတယ်။ ဒါကတော့ မင်းမရောက်နိုင်တဲ့ နေရာမှာ ကပ်ထားရတယ်။ အဲ့ဒါက အပူချိန်မြင့်လာရင် ပိုကောင်းတယ်"

ဝမ်ယောင်ချန်း ကရှက်ရွံ့စွာ ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။ "ကျွန်တော်က ဒီလိုအရာတွေကို ယူရတာ အရမ်းသဘောကျတယ်။ အရင်က ရိုက်ကူးတုန်းက ကျွန်တော့်ရဲ့ ကျန်းမာရေးကို ဂရုမစိုက်ပဲ ကျွန်တော့်ခန္ဓာကိုယ်ကို ထိခိုက်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော့် ကျန်းမာရေးကို စပြီးဂရုစိုက်ခဲ့တာ"

"ကျေးဇူးတင်ပါတယ်၊ အစ်ကိုချန်း" ဇောင်ယုဟွမ် ကသူ့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားပြီး‌ေနာက် အကြောင်းအရာ အနည်းငယ်ကို ပြောဆိုခဲ့ကြသည်။ သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်လက်ဆောင်အတွက် ကျွန်မတို့ ပြန်တဲ့အချိန်ထိ ရှင်စောင့်ရလိမ့်မယ်"

"ကျေးဇူးတင်လက်ဆောင်တွေ ပေးဖို့မလိုပါဘူး၊ အဲ့အစား နေ့လည်စာ‌ေလာက်ဆို အဆင်ပြေပါပြီ" ဝမ်ယောင်ချန်း ကပြောလိုက်သည်။

စကားပြောပြီးနောက် ဝမ်ယောင်ချန်း သည်သူစကား‌ေပြာတာ နည်းနည်းများသွားပြီဆိုတာ နားလည်လိုက်သည်။ တစ်စုံတစ်ယောက်က မကောင်းတဲ့ အကြံအစည်ရှိမယ်ဆိုရင် သူ့စကားတွေကို လိမ်ဖို့က သူတို့အတွက် လွယ်ကူလိမ့်မယ်။

ဝမ်ယောင်ချန်း ကစကားစကို လျင်မြန်စွာ ပြောင်းလဲခဲ့ပြီး အရင်က သူ့ရိုက်ကူးရေး အတွေ့အကြုံနှင့် ပတ်သက်သည့် အကြောင်းတွေကို စတင်ပြောဆိုခဲ့သည်။ လီဂျင်းယွမ် သည်ဖျော်ဖြေရေး လောကကို ဝင်ရောက်ခဲ့သော်လည်း သူ့နေရာသည် မော်လ်ဒယ်သာဖြစ်ပြီး သရုပ်ဆောင် မဟုတ်ပေ။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now