33❇ ဥပမာအား သက်သေပြခြင်း

3.4K 600 10
                                    

<Unicode>

ဥပမာအား သက်သေပြခြင်း

သူတို့ ပြင်ဆင်ခဲ့ကြသည့် တဲက ကြီးမားပြီး ၄-၅ ယောက်လောက်အထိ နေနိုင်သည်။ တခြားလူတွေကလည်း ဇောင်ယုဟွမ် တဲကို ပြိုကျသွားရန် ကြံစည်နေကြပေမဲ့ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကအကြိမ်ကြိမ် လာပြီး စစ်ဆေးနေတာကြောင့် ထိုလူတွေရဲ့ အကြံအစည်တွေက ပျက်သွားကြသည်။

သူတို့က အားနည်းပုံ မပေါ်တာကို ဘယ်တော့မှ မမေ့ပါနဲ့၊ တရုတ်လူမျိုးတွေက တိုက်ခိုက်ရေးနဲ့တင် ခြိမ်းခြောက်နိုင်ဖို့ လုံလောက်သည်။ ဒါကြောင့် သူတို့အားလုံးက ကျန်သည့် တဲတွေကိုပဲ ကြံစည်လိုက်ကြသည်။ ဒီတဲမှာ သူတို့သုံးယောက်သာ ရှိသည်။

ဒါက ပြည့်စုံတာပဲ။ ဇောင်ယုဟွမ် ကဒီလိုမျိုး မရင်းနှီးတဲ့ တခြားသူတွေနဲ့ မျှဝေနေရာတာကို မကြိုက်တာကြောင့် ဒါက သူမကို ပိုပြီး လုံခြုံစေသည်။

တဲက ပြင်ဆင်ပြီးသွားချိန်တွင် သူတို့က ရေကန်နားတွင် BBQ ကိုပြုလုပ်ခဲ့ကြသည်။ သူတို့တွင် ဝိုင်နီ၊ ဘီယာ နောက်ပြီး ပေါင်မုန့်၊ မုန့်ချို၊ စလတ်ရွက်တွေတောင် ပါကြသည်။

လူတိုင်းက အသက်အရွယ် တူညီကြပြီး ယှဉ်ပြိုင်လိုတာကြောင့် လေထုက အရမ်းကို အသက်ဝင်နေခဲ့သည်။ မာရီယာ ကသူမလက်ထဲက ဝိုင်ကို ချလိုက်ပြီး ပြောလိုက်သည်။

"ဘုရင်ဂိမ်းကို ကစားရအောင်!"

"ဟုတ်တယ်! ဟုတ်တယ်! ကစားရအောင်!"

တခြားသူများကလည်း ထောက်ခံလိုက်ကြသည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကြည့်ပြီး မေးလိုက်သည်။

"ဘယ်လိုကစားရလဲဆိုတာ သိလား?" တရုတ်ပြည်မှာတုန်းက၊ လူတိုင်း အတူတူရှိနေချိန်တိုင်း သူတို့က ဘိလယက်ထိုးတယ်၊ ရေးကူးတယ်၊ ဂေါက်ရိုက်တာတွေကို ပြုလုပ်ခဲ့ကြသည်။

တခါတလေ၊ သူတို့က ဗီဒီယိုဂိမ်းတွေ၊ ဓားသိုင်းတွေကို ကစားခဲ့ကြသည်။ ဇောင်ယုဟွမ် ကသောက်စားသည့် ဂိမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now