63❇️ ငါကအလှလေးသုံးထောင်နဲ့ဧကရာဇ်လား?

2.3K 449 8
                                    

<Unicode>

ငါက အလှလေးသုံးထောင်နဲ့ ဧကရာဇ်လား?

"ဟွမ်ဟွမ် နည်းနည်းလောက် စားချင်လား?"လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုမေးလိုက်သည်။

သူ့အိတ်ထဲမှ စတော်ဘယ်ရီနို့ တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒီမှာ၊ ဒါက ဟွမ်ဟွမ် အကြိုက်တွေမလား?" ပြောလိုက်ပြီး စတော်ဘယ်ရီနို့ ပုလင်းအား ‌ဇောင်ယုဟွမ် အရှေ့မှာ ထားလိုက်သည်။

ဇောင်ယုဟွမ် ကသူမ ရယ်သင့်လား၊ ငိုသင့်လားဆိုတာကို မသိတာကြောင့် ရိုးရှင်းစွာ မေးလိုက်သည်။ "ဂျင်းယွမ် ကဒါတွေအားလုံးဝယ်ဖို့ ဘယ်တုန်းက အချိန်ရသွားတာလဲ?"

"သိပ်မကြာခင်တုန်းက အနက်ရောင်ပဲနဲ့ ငရုတ်ဆီကို ဝယ်ခဲ့တယ်။ ငါတို့ရန်ပုံငွေကနေ တစ်ယောက်ကို ယွမ် ၁၀၀ ရတယ်၊ ဒါကြောင့် ပေါင်မုန့်နဲ့ နို့ဝယ်ဖို့ပဲ ကုန်ကျခဲ့တယ်" လီဂျင်းယွမ် ရဲ့နှုတ်ခမ်းထောင့်က ကွေးသွားပြီး မုန့်နဲ့ စားစရာတွေ အားလုံးကို ဇောင်ယုဟွမ် အရှေ့တွင် ထားလိုက်သည်။ ဒီအခွင့်အရေးကို အသုံးချပြီး သူက ဇောင်ယုဟွမ် ကိုထိုင်ခုံခါးပတ် ပတ်ပေးလိုက်ပြီး ကားစက်နှိုးလိုက်သည်။

"မင်းတို့အားလုံး အဆင်သင့်ဖြစ်ပြီလား? ဒါဆို အခုထွက်တော့မယ်" လီဂျင်းယွမ် ကအသံနိမ့်လေးနဲ့ ပြောလိုက်သည်။

ရုတ်တရက် ယင်ချီချီ ကစကားထပြောကာ မေးလိုက်သည်။ "အစ်ကိုဂျင်းယွမ် ကဘာကြောင့် ပိုက်ဆံတွေ အကုန်လုံးကို သုံးပစ်လိုက်ရတာလဲ? နောက်ပိုင်းကျရင် အစ်ကိုဂျင်းယွမ် ဝယ်ချင်တဲ့အရာ တစ်ခုခုရှိလာနိုင်တယ်မလား?"

လီဂျင်းယွမ် ကသူမကို လှည့်တောင်မကြည့်ပဲ ပြန်ဖြေလိုက်သည်။ "ငါ့မှာတခြားဝယ်စရာ မရှိဘူး"

သူ့တုန့်ပြန်ချင်ကြောင့် ယင်ချီချီ တိတ်ဆိတ်သွားခဲ့သည်။

လင်းလန် သည် လီဂျင်းယွမ် ကိုကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "ကျွန်မကို မုန့်နည်းနည်းလောက် ကျွေးလို့ရမလား? စားသောက်ဆိုင်က အစားအစာတွေကို သိပ်မကြိုက်လို့ သိပ်မစားခဲ့ရဘူး"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now