70❇️ ဒါဆိုရိုက်ကူးရေးမလုပ်ရုံပဲလေ

2K 342 8
                                    

Unicode

ဇောင်ယုဟွမ် ကလက်ဆန့်ပြီးသာ လီဂျင်းယွမ် ရဲ့လက်ကို သုတ်ပေးလိုက်သည်။

လီဂျင်းယွမ် ကရုတ်တရက် ဇောင်ယုဟွမ် ရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး ချက်ချင်းပဲ လွှတ်ပေးလိုက်သည်။

လီဂျင်းယွမ် ကအာရုံပြန်ရပုံပေါ်သွားပြီး ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ကာ လက်သုတ်ကို ယူလိုက်ပြီး နွေးထေွးစွာ ပြောလိုက်သည်။ "ကျေးဇူး၊ ဟွမ်ဟွမ်"

ဘေးဘက်မှ "pa"ဆိုတဲ့ ဖန်ခွက်ကျကွဲသည့် အသံကို ကြားလိုက်ချိန်တွင် သူ့အသံက ရပ်သွားသည်။ နေရာတိုင်းတွင် ဖန်ကွဲစတွေက ပျံ့ကျဲနေပြီး ကြမ်းပြင်ပေါ်တွင်လည်း နွားနို့တွေက ပျံ့ကျဲနေသည်။

ဇောင်ယုဟွမ် သည်လန့်သွားသည်။

ဇောင်ယုဟွမ် ကချက်ချင်းပင် ဖုန်းကိုအဝေးရွှေ့လိုက်ပြီး လှည့်ကြည့်လိုက်သည်။

ဟုန်ချန်းမင်း ကထိုနေရာတွင်သာ တည်ငြိမ်စွာထိုင်နေပြီး သူ့လက်ထဲတွင်လည်း နွးနို့ဖန်ခွက်က မရှိတော့ပေ။ သူ့ခေါင်းကို ငုံ့ထားပြီး မပျော်ရွှင်ပဲ နည်းနည်းတင်းမာနေသည့် မျက်နှာဖြင့် မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။ သို့သော် အသေအချာကြည့်ရင် သူ့မျက်နှာထက်တွင် မှားယွင်းသည့် အမူအရာကို မြင်နိုင်သည်။

မှားယွင်းနေတယ်?

ဇောင်ယုဟွမ် ကနည်းနည်းတော့ စိတ်ရှုပ်ထွေးသွားသည်။

မနက်စာအတွက် နွားနို့ဖန်ခွက်လေး ကျကွဲသွားလို့ အဲ့လိုမှားယွင်းတဲ့ ခံစားချက်မျိုး ဖြစ်နေတာလား?

… အရွယ်ရောက်နေတဲ့ ဗီလိန်တစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူက ဒီလိုမျိုး ပြောင်းလဲသွားတာလား?

ဇောင်ယုဟွမ် ကအလျင်အမြန်ပင် အနားက အိမ်ဖော်အား နောက်ထပ်နွားနို့ ထပ်ယူလာရန် အချက်ပြလိုက်သည်။

အိမ်ဖော်တချို့က ကြမ်းပြင်ကို သန့်ရှင်းရန် ပြင်ဆင်ကြပြီး တချို့က နွားနို့အသစ်ကို သွားယူကြသည်။

ထို့နောက် ဇောင်ယုဟွမ် ကခုံကိုတွန်းလိုက်ပြီး ဟန်ယင်ယင် နဲ့စကားပြောရင်း အပေါ်ထပ်ကို တက်သွားခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now