64❇️ ခရီးမှာအနှိပ်စက်ယူလာဖို့ဘာကြောင့်မစဉ်းစားမိရတာလဲ?

2.6K 453 8
                                    

<Unicode>

ခရီးမှာ အနှိပ်စက် ယူလာဖို့ ဘာကြောင့် မစဉ်းစားမိရတာလဲ?

သူ့ကို ရင့်ကျက်သည့် ပုံစံဖြင့် တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် အရင်တုန်းက ယောင်္ကျားလေးနဲ့ မိန်းကလေးကြားက ကွာခြားချက်တွေကို နည်းနည်းလေးမှ မတွေးမိဖူးပေ။

ဇောင်ယုဟွမ် လက်ရှိကို အာရုံပြန်ရောက်ချိန်တွင် လီဂျင်းယွမ် ကလျှောက်လာနေခဲ့သည်။အသံနိမ့်လေးနဲ့ ဆွဲဆောင်မှုရှိစွာဖြင့် မေးလိုက်သည်။ "အစ်ကိုဟုန်က လက်မှတ်ဝယ်ဖို့ သွားတာလား?"

"အင်း"

လီဂျင်းယွမ် ရဲ့အသံက ကြားရုံသာကှိသညါ။ သူမအနားကို တိုးလာချိန်တွင် သူ့နှုတ်ခမ်းက သူမနားဖျားကို ညင်သာစွာ ထိခတ်သွားသည်။ "ဟွမ်ဟွမ့် ကိုကူညီပြီး ဓာတ်ပုံရိုက်ပေးမယ်၊ ဒါဆို ဟွမ်ဟွမ် အနားယူလို့ရတယ်"

အရင်တုန်းက ဇောင်ယုဟွမ် သည်ဒီနေရာကို အကြိမ်များစွာ လည်ပတ်ခဲ့ပေမဲ့ အမှတ်ရစေမည့် ပုံတစ်ပုံမှမရှိပေ။ သို့သော် လီဂျင်းယွမ် ရဲ့စဉ်းစားပေးမှုက သူမနှလုံးသားကို ထိခတ်သွားသည်။

ဇောင်ယုဟွမ် ကတောက်ပစွာ ပြုံးပြလိုက်သည်။

သူမ အနောက်မှ မှန်တံခါးက ရုတ်တရက် ပွင့်လာခဲ့ပြီး ဟုန်ချန်းမင်း ကထွက်လာခဲ့သည်။ သူ့အနောက်တွင် ကလပ်မှ ဝန်ထမ်းအနည်းငယ်က လိုက်လာခဲ့သည်။

၀န်ထမ်းများက သူတို့ကို မြင်းရံုကို ခေါ်သွားခဲ့သည်။ သူတို့က နည်းပြတစ်ယောက်လို သူတို့စီးချင်တဲ့ မြင်းကိုလည်း ရွေးချယ်ခွင့်ရကြသည်။

ကလပ် ဝန်ထမ်းတွေက သူတို့အတွက် တရုတ်စကား ကျွမ်းကျင်သည့် နည်းပြတစ်ယောက်ကိုလည်း ပြင်ဆင်ပေးခဲ့သည်။

ထိုအချိန်တွင် ယင်ချီချီ ရဲ့အကြည့်တွေက ဟုန်ချန်းမင်း ဆီကိုထပ်ရောက်သွားခဲ့သည်။

ပုံမှန်ဆို သူမက စီးပွားရေးလုပ်ငန်းရှင်‌ေတွနဲ့ စီးပွားရေးအရသာ တွတ်ချက်ကြသူများကို ဂရုမစိုက်တတ်ပေ။ သို့သော် ဟုန်ချန်းမင်း ရဲ့လွှမ်းမိုးမှုကို မြင်ပြီးနောက် သူ့အပေါ်အမြင်တွေက ပြောင်းလဲသွားခဲ့သည်။ သူက ချမ်းသာကြွယ်ဝသလို သူဆန္ဒရှိသလို လုပ်နိုင်တာကို သူမ နားလည်ခဲ့သည်။ သူ့ချမ်းသာမှုကြောင့် ကြိုတင်မှာကြားထားခြင်းမရှိဘဲ ဒီသီးသန့်၀န်ဆောင်မှုကိုပင် အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now