84❇️ ဒါက ကလေးဆန်တာ မဟုတ်ဘူးလား?

1.5K 317 13
                                    

Unicode

သူနဲ့ ဇောင်ယုဟွမ် တို့က အချိန်အတော်ကြာ အတူတူ နေခဲ့တာကြောင့် ဇောင်ယုဟွမ် ရဲ့အကျင့်နဲ့ စိတ်အခြေအနေကို သူနားလည်သည်။

စက္ကန့်အနည်းငယ်လောက် သူရှိနေမယ်ဆိုရင်တောင် ဇောင်ယုဟွမ် ကသူ့လက်ကို ဆွဲလိုက်ပြီး မပျော်မရွှင်ဖြစ်မှာကို ရှင်းရှင်းလင်းလင်း သိသည်။

ဇောင်ယုဟွမ် က လီဂျင်းယွမ် ပြန်ထိုင်တာကို မြင်လိုက်ချိန်တွင် သူမအမူအရာက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူမစိတ်ထဲမှ ထူးဆန်းသည့် ခံစားချက်တွေကလည် ပုံမှန်အတိုင်းပင် ပျောက်သွားခဲ့သည်။

ဟင်းတွေက အတော်လေး ကျေနပ်စရာပင်။ လူတိုင်းက ကိုယ်ပိုင် အလုပ်တွေရှိကတည်းက အတူတူ စားသောက်ကြသည့် အချိန်တွေက တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ တစ်ဖက်မှ လီဂျင်းယွမ် ကပြောလိုက်သည်။

“ဟွမ်ဟွမ်၊ မင်းဖုန်းပွင့်နေတယ်”

“အာ၊ ဒါက အရေးမကြီးတဲ့ အရာပါ”

သူမက ပြောလိုက်ရင်း ဇောင်ယုဟွမ် ကဖုန်းကို ကောက်ယူလိုက်ပြီး ကြည့်လိုက်ကာ ပြန်ချလိုက်သည်။

လီဂျင်းယွမ် ကတိတ်ဆိတ်စွာဖြင့် သူမအပြုအမူကို ကြည့်နေခဲ့ပြီး သူ့နှလုံးသားက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ဒါက ဟွမ်ဟွမ် အတွက် သေးငယ်တယ်လို့ ထင်နေပေမဲ့ ဝမ်ယောင်ချန်း အတွက်တော့ မြင့်မားသည်။

တကယ်ဆို ဟွမ်ဟွမ် ရဲ့အဆင့်အတန်းက မြင့်မားပြီး သူမ မကြိုက်တဲ့အရာကို ချက်ချင်း စွန့်ပစ်နိုင်သည်။

အဆင့်အတန်း မြင့်တယ်...

ဒါက လီဂျင်းယွမ် ကိုနည်းနည်းတော့ ဖိအားဖြစ်စေပေမဲ့ စိတ်လှုပ်ရှားမှုကိုတော့ ဖြစ်စေသည်။

“ပြန်ရအောင်။ ဟွမ်ဟွမ်၊ မနက်ဖြန် ရန်ဆန်း နဲ့ ဟန်ယင်ယင် တို့နဲ့တွေ့ဖို့ ချိန်းထားတယ်” ဇောင်ယုဟွမ် ကမတ်တပ်ရပ်လိုက်သည်။

လီဂျင်းယွမ် ကချက်ချင်းပင် လိုက်နာလိုက်သည်။ သူတို့ စားသောက်ဆိုင် အပြင်ဘက်ကို လျှောက်လိုက်ချိန်တွင် လီဂျင်းယွမ် ကသိပ်မဝေးသည့် နေရာကို ကြည့်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now