24❇ သူတို့ကိုမင်းထိချင်လား?

4.6K 694 16
                                    

<Zawgyi>

သူတို့ကို မင်းထိချင်လား?

ချန်းမင်းရီ ကသာမန်ထက် ထူးခြားသည့် ဘာကိုမှ မတွေ့သလို ပြုမူခဲ့သည်။ သူက လှည့်လိုက်ပြီး သူတို့ကို ခေါ်လိုက်သည်။

"C'mon ရှောင်းဟုန်! ဘာလို့အဲ့နေရာမှာပဲ မတ်တပ်ရပ်နေတာလဲ?" ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အင်္ကျီကို ဆွဲလိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"အမ်..... အင်း၊ မကြည့်နဲ့။ မင်းကြည့်ဖို့ မသင့်တော်ဘူး" ဟုန်ချန်းမင်း ကအရမ်းကို မသက်သာသည့် အသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်ပြီး ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုဆက်ကိုင်ထားပြီး သူတို့ လာခဲ့တဲ့ဆီကို ပြန်လျှောက်သွားလိုက်သည်။ ချန်းမင်းရီ ကသူ့ဆီကို ပြေးလာပြီး ပြောလိုက်သည်။

"ဟေး၊ ဟေး၊ မသွားနဲ့။ ငါတို့ ကမ်းခြေကိုတောင် မရောက်သေးဘူး။ ဒီနေရာမှာ အပန်းဖြေအိမ် ရှိတယ်။ အပန်းဖြေအိမ်က ရေပေါ်မှာ။ C'mon အပန်းဖြေအိမ်ကို သွားရအောင်!"

နောက်ဆုံးတော့ ဟုန်ချန်းမင်း ကရပ်လိုက်ပေမဲ့ ဇောင်ယုဟွမ် ကိုသူ့ရင်ဘတ်ထဲကနေ ထုတ်ပေးဖို့ ရည်ရွယ်ချက် မရှိပေ။ ချန်းမင်းရီ ကသူလုပ်နေတာကို ကြည့်လိုက်ပြီး ပျော်ရွှင်မှုကို တွေ့သွားခဲ့သည်။

"ကောင်းပြီ။ မင်း ဟွမ်ဟွမ် ကိုသယ်လာလို့ရတယ်။ နောက်ပြီး ငါတို့ ဒီလမ်းကနေ သွားမယ်"

ဇောင်ယုဟွမ် ကသူမရှေ့က ဘာအလင်းကိုမှ မမြင်ရပေ။ သူလျှောက်လိုက်ချိန်မှ ဟိုနေရာ၊ ဒီနေရာမှ အလင်းရောင် အရိပ်လေးကိုသာ တွေ့နိုင်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့ လျှောက်နေတာက အတော်လေးကို အဆင်မပြေသလို ဖြစ်နေတယ်လို့ ခံစားလိုက်ရတာကြောင့် သူ့ကို ပြောလိုက်သည်။

"ကိုကိုချန်းမင်း၊ ဘာကြောင့် ငါ့မျက်လုံးတွေကိုပဲ ပိတ်မထားတာလဲ? ဒါက.... ဒီလိုမျိုး လမ်းလျှောက်ဖို့က ခက်ခဲတယ်"

နောက်ဆုံးတော့ ဟုန်ချန်းမင်း ကသူမကို လွှတ်လိုက်ပေမဲ့ သူမမျက်လုံး နှစ်ဖက်လုံးကို ဖုံးလိုက်သည်။ ဇောင်ယုဟွမ် ကတည့်မတ်စွာ ရပ်လိုက်ပြီး ဟုန်ချန်းမင်း အရှေ့ကနေ မတူတဲ့ ပုံစံဖြင့် လျှောက်သွားခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now