30❇ မဖွင့်ရသေးသည့်ခရစ်စမတ်ကဒ်နှင့်လက်ဆောင်များ

3.8K 756 10
                                    

<Unicode>

မဖွင့်ရသေးသည့် ခရစ်စမတ်ကဒ်နဲ့ လက်ဆောင်များ

"ဟွမ်ဟွမ်" လီဂျင်းယွမ် ကတံခါးခေါက်လိုက်ပြီး အထဲကို ဝင်လာခဲ့သည်။

သူ့ဖုန်းကိုလည်း လက်တစ်ဖက်က ကိုင်ထားနေဆဲ ဖြစ်သည်။ တံခါးနားမှာ ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် လက်ဆောင်ဗူးတွေကို ကြည့်လိုက်ပြီးနောက် ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့ကို ကြည့်ကာ မေးလိုက်သည်။

"လက်ဆောင်တွေကို ဖောက်နေတာလား?" နောက်ဆုံးတော့ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုလွှတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း" ဇောင်ယုဟွမ် ကသူ့ရင်ဘတ်နားကို ရောက်ရန် အနည်းငယ် ရုန်းကန်လိုက်သည်။ ဗူးကို ထပ်ကြည့်ချိန်တွင် ဘာမှမရှိပေ။ လီဂျင်းယွမ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အတော်ပဲ" သူက လှည့်လိုက်ပြီး သူ့အခန်းထဲကို လျှောက်သွားကာ တစ်ဖက်စီတွင် လက်ဆောင်ထုတ်တွေ ထည့်ထားသည့် အိတ်တွေကို သယ်ပြီးပြန်လာခဲ့သည်။

"ငါလည်း လက်ဆောင်တွေ အများကြီး ရခဲ့တယ်။ ငါတို့ အတူတူ ဖောက်ကြရအောင်" ထိုစကားကို ပြောလိုက်ရင်း လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။
"ဟွမ်ဟွမ့် လက်ဆောင်တွေကော ဘယ်မှာလဲ?"

"အို၊ အဲ့ဒါက သိပ်မများပါဘူး။ ငါ့ကျောပိုးအိတ်ထဲမှာ ရှိတယ်" လီဂျင်းယွမ် ကသူမအရှေ့ကို သူ့လက်ဆောင်တွေ အားလုံးကို တွန်းလိုက်ပြီး ပြောလိုက်သည်။

"ငါ့လက်ဆောင်တွေကို ဟွမ်ဟွမ် ဖောက်ပြီး ဟွမ်ဟွမ့် လက်ဆောင်တွေကို ငါဖောက်မယ်လေ။ ဘယ်လိုလဲ?" ဇောင်ယုဟွမ် မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒါက မှားမနေဘူးလား?"

"ဒါက ဘာမှားလို့လဲ?" လီဂျင်းယွမ် ကပြန်ချေပလိုက်သည်။ သူ့ပုံစံက သူမ လက်ဆောင်တွေကို ကူညီပေးပြီး ဖွင့်ပေးဖို့သာ ရည်ရွယ်နေခဲ့သည်။

"ကောင်းပြီ။ ငါ့ကျောပိုးအိတ်က ဆိုဖာပေါ်မှာ။ မင်းသွားယူလိုက်ပါလား?" ဇောင်ယုဟွမ် ကကြမ်းပြင်ကနေ ထ,ဖို့ကို အတော်လေး ပျင်းရိနေသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now