75❇️ မချစ်ပဲဘယ်နေနိုင်ပါမလဲ?

1.9K 361 2
                                    

Unicode

သူ့ရဲ့ယဉ်ကျေးတဲ့ အပြုအမူကနေ မိတ်ကပ်ပညာရှင်က ဘယ်လိုပြောနိုင်တော့မလဲ?

သူကချက်ချင်းပဲ တုန့်ပြန်လိုက်ပြီး ဘေးဘက်တွင် စောင့်ခိုင်းလိုက်သည်။ ဝေ့ကျဲ ကတခြားအလုပ်သမားတွေကို လိုက်ကြည့်နေရင်း သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။

ခဏအကြာတွင် လီဂျင်းယွမ် စကားပြောတာကို ကြားလိုက်ရသည်။

“ငါမေးချင်တယ်၊ ဘာကြောင့် မစ္စတာဝမ် ကဒီလိုလုပ်ရတာလဲ?”

ဝေ့ကျဲ ကဒီစကားတွေကို ကြားလိုက်ချိန်တွင် တစ်ချို့အကြောင်းတွေကြောင့် သူ့ကျောမှ ကြက်သီးတွေ ထလာခဲ့သည်။

လီဂျင်းယွမ် မျက်နှာက စိတ်မကျေနပ်မှုက ထွက်ပေါ်လာပြီး မျက်နှာဖုံးကွာကျသွားသလို ခံစားလိုက်ရသည်။

တစ်ဖက်မှ ဟုန်ချန်းမင်း ရဲ့လက်ထဲမှာ ဘောပင်က ရုတ်တရက် ကျိုးသွားသည်။ အတွင်းရေးမှူးက လန့်သွားပြီး အသံတိုးလေးနဲ့ မေးလိုက်သည်။

“မစ္စတာဟုန်၊ ဒီစာချုပ်က ပြဿနာရှိနေလို့လား? မစ္စတာလီ ကိုလာဖို့ ခေါ်လိုက်ရမလား?”

*‘လီ’ ကလီဂျင်းယွမ် ရဲ့လီမဟုတ်*

ဟုန်ချန်းမင်း ကခေါင်းငုံ့လိုက်ကာ ကျိုးသွားတဲ့ ဘောပင်ကို ကောက်လိုက်ပြီး စားပွဲဘေးက အမှိုက်ပုံးထဲ ထည့်လိုက်သည်။ သူက အေးစက်စွာ ပြောလိုက်သည်။

“ဝမ်ယောင်ချန်း ရဲ့အလုပ်နေရာနဲ့ ချိတ်ပေး”

အတွင်းရေးမှူးက ထပ်ပြီးလန့်သွားပြီး စာချုပ်နဲ့ ဝမ်ယောင်ချန်း ကဘာမှမပတ်သတ်လို့ သိချင်သွားပြီး စာချုပ်ကို ဘယ်လောက်ပဲ ကြည့်လိုက်ပါစေ ဆက်နွယ်တာ ဘာတစ်ခုမှ ရှိမနေပေ။ သူမ မှားနေတယ်လို့ နားမလည်ခင်မှာ အတွေးတွေနဲ့ အချိန်ဖြုန်းနေမိတယ်လို့ သူမ တွေးလိုက်မိသည်။

အတွင်းရေးမှူးက အင်တာနက်မှ ဝမ်ယောင်ချန်း နဲ့ မိန်းကလေးဇောင် အကြောင်းကို သတိရသွားသည်။ အင်တာနက်တွင် မိန်းကလေးဇောင် နဲ့မစ္စတာဟုန် တို့က မိသားစုလို့လည်း ပြောထားကြသည်...

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now