101❇️ ကိုယ် မင်းကိုမြင်‌ေစချင်တယ်။

1.5K 205 2
                                    

Unicode

‘အရှိန်မြင့်’ ပထမပိုင်းကို ထုတ်လွှင့်ပြီးသည်နှင့် အင်တာနက်တွင် လီဂျင်းယွမ် ကဂျင်းဟွာအုပ်စုမှ သခင်လေးဖြစ်ကြောင်း သတင်းက ပေါက်ကွဲထွက်လာခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က ပုံများစွာဖြင့် ‘လီဂျင်းယွမ် က ဇောင်ယုဟွမ် အပေါ်ထုတ်မပြောနိုင်တဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိတယ်။ တကယ့်မောင်နှမရင်း ရိုမန့်အချစ်၊ ဒီအတွဲကို တကယ်ရှစ်ရဲကြလား’ ဆိုသည့် ခေါင်းစဉ်ရှည်ကြီးကို ရေးခဲ့သည်။

ပုံတွေကတော့ ‘အချိန်ခရီးသွားခြင်း’တည်းက လီဂျင်းယွမ် က ဇောင်ယုဟွမ် အားရင်းနှီးမှုပြသည့် အသေးစိတ်အချက်ကို ထုတ်ပြထားခဲ့သည်။

“...အတွဲဖန်တွေက ဒါကို ချိုမြိန်တယ်လို့ ထင်ကြပေမဲ့ ဒါက တကယ့်အရာပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရအောင်။ သူတို့က အတူတူကြီးပြင်းလာပြီး တကယ့်မောင်လေး၊ အစ်မဆက်ဆံရေးဆို ဖယ်ထုတ်ပစ်လို့ မရဘူး။ အို၊ ဒါက ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းလာသေးတယ်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် အကြောင်း NSFW ကိုတိတ်တဆိတ် ချုပ်ကိုင်ထားပြီး သူမနားချည်းကပ်တဲ့ လူတိုင်းကို တားဆီးဖို့ အရာအားလုံးကို လုပ်ခဲ့တယ်။ အဲ့အထဲမှာ ဝမ်ယောင်ချန်း လည်းပါတယ်... လီဂျင်းယွမ် ထွက်မသွားခင် သူက ဝမ်ယောင်ချန်း ကိုခက်ခဲအောင် မကြာခဏ လုပ်ခဲ့တယ်။ တစ်ချို့လူတွေက ပြောလိမ့်မယ်။ ‘ဖျော်ဖြေရေးလောကက ဝမ်ယောင်ချန်း ရဲ့နေရာက ဘာလိုမျိုးလဲ? နောက်ပြီး လီဂျင်းယွမ် ကကော? လီဂျင်းယွမ် ကသူ့ကို ခက်ခဲအောင်လုပ်တာ ဘယ်လိုဖြစ်နိုင်မှာလဲ? ဝမ်ယောင်ချန်း ကသူ့ကို မကြောက်ရင်တောင် ဒင်မိသားစုကိုတော့ ကြောက်ရလိမ့်မယ်၊ မဟုတ်ဘူးလား? နောက်ပြီး ဇောင်မိသားစု? ဟုန်ချန်းမင်း?... သူတို့နိုင်ငံခြားမှာတုန်းက ဝမ်ယောင်ချန်း ကဆူပူနေချိန်မှာ သေအောင်အရိုက်ခံရလုနီးပါးပဲ။ အခုတော့ အစ်ကိုလေးလီက သူ့အစ်မကို ကာကွယ်ပေးနေတာက ဒီမောင်နှမအချစ်၊ ကောင်းကောင်းမွန်မွန် ရှစ်ပေးနိုင်တဲ့ အတွဲလို့ထင်သေးလား? မနှစ်မြို့သလို ခံစားရဘူးလား...?”

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now