44❇️ အနာဂတ်ခင်ပွန်းလောင်း

3.9K 547 14
                                    

<Unicode>

အနာဂတ် ခင်ပွန်းလောင်း

ဇောင်ယုဟွမ် မှာပန်းချီဆွဲထားတာ အများကြီး မရှိပဲ ရန်ဆန်း ကဒါတွေအားလုံးကို ပန်းချီပြပွဲထဲကို ထည့်လိုက်သည်။ သို့သော်လည်း နာမည်တွင် သူမ နာမည်ကို မထည့်ပေမဲ့ ယုဖု (ငါးနဲ့ငှက်) ဆိုတဲ့ နာမည်‌ေပြာင်ကိုသာ သူမ ပန်းချီတွင်သာ ထည့်ထားခဲ့သည်။

ဂျူနီယာ အထက်တန်းတွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သိပ္ပံပညာရည် ယှဉ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည်။ သူတို့ အဖွဲ့နာမည်က "ခုန်နေသောငါးနဲ့ ပျံသန်းနေသည့်ငှက်" ဖြစ်သည်။

ဇောင်ယုဟွမ် ကနာမည်‌ေပြာင်တွေ ပေးရတာကို အရမ်းကို ပျင်းတာကြောင့် အဲ့နာမည်ကနေ စကားလုံး နှစ်လုံးကိုသာ ယူလိုက်ပြီး ပေါင်းစည်းလိုက်ကာ သူမရဲ့ နာမည်‌ေပြာင်အဖြစ် ထားလိုက်သည်။

ပန်းချီပြပွဲက စတင်ခဲ့သည်။ လက်ထောက်ကျောင် ကအပြင်ဘက်တွင် စောင့်နေခဲ့ပြီး ဇောင်ယုဟွမ် က ရန်ဆန်း နဲ့အတူ အထဲကို လျှောက်ဝင်သွားလိုက်သည်။ ပြပွဲအတွင်းတွင် နိုင်ငံခြားမှ အနုပညာရှင်တွေ များစွာက ရှိနေကြပြီး တချို့ကတော့ အသက်အရွယ်ကြီးပြီး တချို့ကတော့ အရွယ်ရောက်ပြီး ငယ်ရွယ်သည့် အနုပညာရှင်တွေ ဖြစ်ကြသည်။

ခန်းမကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်ရှုပ်စရာကောင်းသည့် ဆံပင်ပုံစံနဲ့ အနုပညာရှင် တစ်ယောက်ကို မြင်လိုက်ရသည်။ သူ့ပုံစံက ထင်ပေါ်ပြီး ထူထဲသည့် အဝတ်အစားတွေရယ် ဆံပင်အရှည်နဲ့ လက်ကောက်ဝတ်တွင်လည်း တက်တူးတွေကို ထိုးထားသည်။

ဇောင်ယုဟွမ် ကိုကြည့်ရင်တော့ သူမက အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး LV အညိုရောင် လက်ဆွဲအိတ်နဲ့ ဖြစ်သည်။ သူမဆံပင်က ပုခုံးပေါ်ကို ကျနေပြီး သူမပုံစံက အရမ်းကို ကျက်သရေရှိသည်။ ရန်ဆန်း တောင်သူမကို လှည့်ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်စွာဖြင့် ပြောလိုက်သည်။

"မင်းပုံစံက တကယ်ကြီးကို အနုပညာရှင်နဲ့ မတူဘူး"

"ဒါဆို ငါကဘာနဲ့တူလဲ?"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now