28❇ ကျောင်းပြီးဆုံးခြင်း

4.3K 674 12
                                    

<Unicode>

ကျောင်းပြီးဆုံးခြင်း

ပထမဆုံး အပတ်က ဘယ်သူမှ သတိမပြုမိပဲ ကုန်ဆုံးသွားခဲ့သည်။ လူတိုင်းက လက်ဆောင်တွေ၊ အဆက်အသွယ်တွေကို လဲလှယ်ကြပြီး တစ်ယောက်ချင်းစီက ကျောင်းကနေ ထွက်သွားခဲ့ကြသည်။

ဇောင်ယုဟွမ် က ချိုလီ ကိုခေါ်လိုက်ပြီး ချိုလီ ကသူမကို ကျောင်းရှေ့ကနေ စောင့်နေခဲ့သည်။ ဇောင်ယုဟွမ် ရဲ့အစီစဉ်က ပထမဆုံး ဟုန်ချန်းမင်း ကိုသွားခေါ်ဖို့ ဖြစ်သည်။

လီဂျင်းယွမ် ကတော့ ကျောင်းမှာ မရှိတာ ဖြစ်နိုင်သည်။ ဇောင်ယုဟွမ် ကပျော်ရွှင်စွာနဲ့ ကျောပိုးအိတ်ကို ကောက်ယူလိုက်ပြီး အပြင်ကို ဦးတည်လိုက်သည်။ အောက်ထပ်ကို ရောက်သည်နှင် လန်ဒန် ကသူမဆီကို လျှောက်လာပြီး မေးလိုက်သည်။

"အိမ်ပြန်မှာလား?" ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ လန်ဒန် ကသူမကို ပြုံးပြလိုက်သည်။ သူ့အပြုံးထဲတွင် ရှက်ရွံ့မှုတွေ ပါဝင်နေပေမဲ့ သူ့စကားတွေက သူ့ဆီကနေ တိုက်ရိုက်ထွက်လာခဲ့သည်။

"ငါတို့အတန်းက လူတွေကို မင်းအတန်းက လူးကပ်စ် ကပိတ်ရက်မှာ ခရီးထွက်ဖို့ ပြောခဲ့တယ်..... မင်းကော သွားမာလား? သွားရင် မင်းနဲ့အတူ သွားပြီး မင်းလိုအပ်တဲ့ အရာအားလုံးကို ရွေးချယ်ပေးမယ်"

ဇောင်ယုဟွမ် သူ့ကို ကြည့်လိုက်သည်။ သူ့တွင် စိတ်အားထက်သန်မှု ရှိနေပြီး ဒါကို ဖုံးကွယ်ထားခြင်း မရှိပေ။ နောက်ဆုံးတွင် ဇောင်ယုဟွမ် ကနိုင်ငံခြားတွင်ရှိသည့် ကောင်လေးနဲ့ ကောင်မလေးတွေအတွက် ဒါက အရွယ်ရောက်ပြီးဖြစ်လို့ ဒိတ်တာတွေ၊ ရင်းနှီးသည့် အဆက်အသွယ်ပင် လုပ်လို့ရကြောင်း သိလိုက်သည်။

အရင်ဘဝတုန်းက ဇောင်ယုဟွမ် ကဆေးရုံကနေ အိမ်ကိုပဲ သွားလာနေတာကြောင့် သူမ ဘယ်တုန်းကမှ မဒိတ်ဖူးခဲ့ပေ။ နိုင်ငံခြားက ကောင်လေးတွေက ဘယ်လောက်တောင် စိတ်အားထက်သန်လဲဆိုတာ သူမ အမြဲတမ်း သတိပြုမိသော်လည်း သူမကို လန်ဒန် ကြည့်နေတာကို မကိုင်တွယ်နိုင်သေးပေ။

"ပုံမှန်ဆို ဒီပစ္စည်းတွေက အိမ်မှာ လက်ထောက်တွေ ပြင်ဆင်ပေးတာ" ဇောင်ယုဟွမ် ကပြောလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now