20❇ ကြားကာလ : ရှုရှင်း

4.8K 764 2
                                    

<Zawgyi>

ကြားကာလ : ရှုရှင်း

လန်ဂျင်းဇီ ကသူ့ဖုန်းကို ပိတ်လိုက်ပြီး ပြောလိုက်သည်။ "ဇောင်ယုဟွမ် ဆီက" မစ္စတာလန် ခနလောက် ရပ်သွားပြီး ပြောလိုက်သည်။

"အို၊ မင်းအန်တီရဲ့ ကလေးပဲ" လန်ဂျင်းဇီ ခေါင်းညိတ်လိုက်သည်။ မစ္စတာလန် ထပ်ရပ်သွားပြီး ပြောလိုက်သည်။

"မင်းအန်တီ ဈာပနာပွဲကတည်းက သူမကို စကားပြောတာ ငါမမြင်ခဲ့ပါဘူး"

"သူမအတွက် ကလေးတွေကို မွေးစားဖို့နဲ့ ဒင်အိမ်တော် လက်အောက်မှာ ထားဖို့အတွက် ကူညီပေးခဲ့တယ်"

"အို ဇောင်ချီ နည်းနည်းတော့ သဘောတူမှာ မဟုတ်ဘူး။ သူမ ကုမ္ပဏီမှာ ဆက်ထားဖို့ ကလေးနှစ်ယောက်လောက် မွေးစားတာက မဆိုးပါဘူး" မစ္စတာလန် ပြောလိုက်သည်။

လန်ဂျင်းဇီ ကသူ့အဖေရဲ့ စကားတွေကို အသိအမှတ်ပြုပြီးနောက် အနည်းငယ် တွေးတောလိုက်ကာ ထပ်ပြောလိုက်သည်။

"ပြီးခဲ့တဲ့ အချိန်တုန်းက အဖိုးနဲ့ ညစာစားခဲ့သေးတယ်၊ သူမလည်း လာခဲ့တယ်။ ကျွန်တော့်ကိုတောင် လက်ဆောင်ယူလာပေးခဲ့တယ်"

"အိုး ဟုတ်လား? ဒါဆို သူမမှာ အချိန်ရှိရင် ငါတို့အိမ်မှာ ညစာစားဖို့ ဘာကြောင့် မဖိတ်တာလဲ?" မစ္စတာလန် ကအနည်းငယ် အံ့အားသင့်ပြီး ပြောလိုက်သည်။ လန်ဂျင်းဇီ ခေါင်းညိတ်လိုက်သည်။

ကိစ္စအနည်းငယ် ဖြစ်ပျက်ပြီးနောက် ခေါင်းစဉ်က ထပ်ပြီး ပြောင်းလဲသွားသည်။ တဖက်တွင် လန်ဂျင်းဇီ ကအခုကစပြီး သူ့ဝမ်းကွဲလေးကို ဘယ်လို့ ဆက်ဆံရမလဲဆိုတာကို စိတ်ထဲတွင် မှတ်သားနေခဲ့သည်။ အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့ပေမဲ့ ဒီအရာက ဖြစ်ပျက်မလာခဲ့ပေ။

ဇောင်ယုဟွမ် ကော လန်ဂျင်းဇီ တို့နှစ်ယောက်လုံးက အလုပ်အရမ်းများနေတာကြောင့် မတွေ့ဖြစ်ကြပေ။ သူတို့ညစာအတွက် မတွေ့ဆုံကြခင် ရှုယုဟွေ့ ရဲ့သားက ဇောင်အိမ်တော်ကို ရောက်လာခဲ့သည်။

ရှုရှင်း ကကျောင်းမှ သူ့လက်စ်ကေ့စ် တစ်လုံးနဲ့ အိမ်ကို လာခဲ့သည်။ ဇောင်ယုဟွမ် ကတတိယထပ်တွင် လှေကားလက်ရမ်းကို မှီထားကာ ကသူ့ကို ကြည့်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now