31❇ အပေါ်ဝတ်အင်္ကျီနှစ်ထည်

4K 706 10
                                    

<Unicode>

အပေါ်ဝတ်အင်္ကျီနှစ်ထည်

ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့အတူတူ အချိန်အတော်ကြာကြာ ဖြုန်းချင်ခဲ့တာကြောင့် အားလပ်ရက်တွင် အတန်းဖော်တွေဆီက လှုပ်ရှားချက် ဖိတ်ကြားမှုတွေ အားလုံးကို ငြင်းပယ်ခဲ့သည်။ သို့သော်လည်း စခန်းချ ပွဲက ရောက်လာချိန်တွင် လီဂျင်းယွမ် ကမေးလိုက်သည်။

"အဲ့နေရာမှာ လန်ဒန် လဲရှိနေမှာလား?" လန်ဒန် နဲ့ ဇောင်ယုဟွမ် တို့ဒီအကြောင်းကို ပြောနေချိန်တွင် လီဂျင်းယွမ် အနည်းငယ် ကြားခဲ့သည်။

ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ ဒီအရာက သူ့ဆီကနေ ဖုံးကွယ်ထားဖို့ အကြောင်းပြချက် မရှိပေ။ ဟုန်ချန်းမင်း ကသူ့လက်ထဲက ဆန်းဒဝစ်ကို ချက်ချင်း ချလိုက်ပြီး ပြောလိုက်သည်။

"ဒါဆို မင်းသွားသင့်တယ်"

ဇောင်ယုဟွမ် - "အမ်?"

သူတို့ ပုံစံအရဆိုရင် သူတို့က ဒီကိစ္စကို ကန့်ကွက်ပြီး သူမကို မလွှတ်သင့်တာ မဟုတ်ဘူးလား?

သူတို့က သူမကို စောစော မဒိတ်နဲ့လို့ ပြောခဲ့တာ မဟုတ်ဘူးလား?

"သွား" လီဂျင်းယွမ် ကလည်း သူ့နို့ခွက်ကို ချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ငါရှင်းလိုက်မယ်" ဟုန်ချန်းမင်း ကချက်ချင်း မေးလိုက်သည်။

"ဒီနေ့လား? ဘယ်အချိန် သွားမှာလဲ? ဟွမ်ဟွမ့် အတွက် သွားထုပ်ပိုးပေးမယ်" ဇောင်ယုဟွမ် ကသူတို့ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းတို့ နှစ်ယောက် ငါနဲ့ လိုက်ချင်တာလား?"

"အသေအချာပဲ" ဟုန်ချန်းမင်း ပြောလိုက်သည်။ ထို့နောက် လီဂျင်းယွမ် ကပြောလိုက်သည်။

"ငါ့အလုပ် အားလုံးကနေ အနားယူဖို့ အသုံးပြုနိုင်တယ်။ ဟွမ်ဟွမ် နဲ့တစ်နေရာရာကို သွားဖို့ တွေးနေခဲ့တာ" ဒါက အဓိပ္ပါယ်ရှိတယ်လို့ ဇောင်ယုဟွမ် ထင်သည်။

သူတို့ နှစ်ယောက်လုံးက အတော်လေးကို အလုပ်များကြသည်။ ဒီနှစ်အနည်းငယ် အတွင်းမှာတောင် သူတို့ မျက်နှာက ပင်ပန်းနေမှုတွေ ပျောက်ကွယ်သွားခြင်း မရှိပေ။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now