39✳️ ဆေးရုံတွင်စောင့်ဆိုင်းခြင်း

3.3K 533 9
                                    

<Unicode>

ဆေးရုံတွင် စောင့်ဆိုင်းခြင်း

ဇောင်ချီ ရဲ့လက်ရှိ အသွင်အပြင်ကို ဇောင်ယုဟွမ် တောင်အံ့ဩသွားခဲ့သည်။ ဒါပေမဲ့ သူမဘာသာ လျင်မြန်စွာ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ဂရုတစိုက်နဲ့ ဇောင်ချီ ရဲ့အခုပုံစံကို လေ့လာပြီး မှတ်သားလိုက်သည်။

မူလပိုင်ရှင်က အနားမှာပဲ ရှိနေသေးရင် သူမက သူ့ရဲ့ဒီလိုပုံစံကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားလိမ့်မည်။ ဇောင်ချီ က ဇောင်ယုဟွမ် စိတ်ထဲဘာတွေရှိလဲဆိုတာ မသိပေ။

သူ့အရှေ့က သူမကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူက အဖေတစ်ယောက်ဖြစ်တာ သတိရသွားပြီး နိုင်ငံခြားမှာ နေရတာ ဘယ်လိုရှိလဲဆိုတာ မေးလိုက်သည်။

သူမဘဝက နိုင်ငံခြားတွင် ပိုအဆင်ပြေပြီး ရှုရှင်း ကို ဇောင်ချီ မနှစ်သက်မှုတွေကလည်း ပိုမိုများပြားလာခဲ့သည်။ နောက်ဆုံးတော့ ဇောင်ချီ ကသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"အနားမှာထားပြီး မင်းကို ပျိုးထောင်တာက ပိုကောင်းတယ်"

သူတို့နဲ့ ရင်းနှီးမှုတွေက ဆိုးရွားသည် ဖြစ်စေ၊ ကောင်းမွန်သည် ဖြစ်စေ၊ ဘယ်လိုပဲ ရှိနေပါစေ၊ သူတို့က အရွယ်ရောက်လာပြီး ဇောင်ယုဟွမ် က ရှုရှင်း နဲ့နှိုင်းယှဉ်ကြည့်စရာတောင် မလိုပေ။ ဇောင်ယုဟွမ် မေးလိုက်သည်။

"ဒါလား?" ဇောင်ယုဟွမ် ရဲ့အပြုံးက ထူးခြားနေပေမဲ့ ဇောင်ချီ သတိမထားမိပေ။ ဇောင်ချီ ကရပ်လိုက်ပြီး မေးလိုက်သည်။

"မင်းဘယ်အချိန်က ပြန်ရောက်တာလဲ?"

"လေယာဉ်ဆိုက်တာနဲ့ လာခဲ့တာ"

"ဒါဆို အစားအရင်သွားစားသင့်တယ်။ မင်းနဲ့အတူ အစောင့်တွေပါ ခေါ်သွားလိုက်" ဇောင်ချီ ကပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ရှုရန်ဟွေ့ ထပ်လုပ်တာကို စဉ်းစားလိုက်သည်။

ဇောင်ယုဟွမ် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ လာခဲ့တာတာက အခုချိန်မှာ သူက ဘယ်လိုပုံစံရှိပြီး ဓားသွားမှာ ရပ်နေတဲ့ပုံစံလားဆိုတာ လာကြည့်တာဖြစ်သည်။ သူ့အိပ်ရာဘေးမှာ တစ်ချိန်လုံးနေပြီး စောင့်နေပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ထားခဲ့ပေ။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now