91❇️ တူညီတဲ့စတိုင်

1.3K 266 5
                                    

Unicode

ပွဲပြီးသည်နှင့် လီဂျင်းယွမ် ကအလုပ်သွားတာကို ရပ်လိုက်ပြီး သူ့နာမည်ကျော်ကြားဖို့ကိုတောင် ဘာမှမလုပ်တော့ပေ။

ဇောင်ယုဟွမ် ကအောက်ထပ်ကို ဆင်းလာသည့်အချိန်တိုင်း လီဂျင်းယွမ် ကဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး သူ့ဖုန်းနဲ့ ဂိမ်းကစားနေသည်။ သူက ဂိမ်းကို ဆိုးဆိုးရွားရွား ကစားနေပြီး နားကြပ်မတပ်တာကြောင့် အချိန်တိုင်း သူ့အသင်းမှ သူ့အား အမှိုက်လို ကျိန်ဆဲသံတွေကို ကြားနေရသည်။

ဒါက သနားဖို့ကောင်းပြီး ရယ်ရသည်။

ဇောင်ယုဟွမ် : “…”

လီဂျင်းယွမ် ရဲ့ကလေးဆန်မှုတွေက ဒီလိုမျိုး ကျယ်ပြန့်လာခဲ့တာလား?!

ငြင်းဆိုမှုလေး တစ်ခုကြောင့်နဲ့ အလုပ်တောင် မသွားတော့ဘူး!

ဇောင်ယုဟွမ် ကလျှောက်သွားပြီး သူ့အား ထပ်ပြီးဆွဲဆောင်ဖို့ ကြိုးစားလိုက်သည်။ “ဂျင်းယွမ် တကယ်ပဲ ဟုန်ချန်းမင်း နဲ့မသွားဘူးလား?”

လီဂျင်းယွမ် ကသူ့ခေါင်းကိုတောင် မမော့လာပေ။ “မဖြစ်နိုင်ဘူး”

“လူတိုင်းက မိသားစုတွေပဲ။ ဂျင်းယွမ် တို့က တစ်ယောက်နဲ့ တစ်ယောက် သဘောမကျဘူးလား?”

လီဂျင်းယွမ် ကခေါင်းမော့လိုက်သည်။ “ကိုယ်တို့ အလယ်တန်းတည်းက ကိုယ့်လက်တွေက အရမ်းတိုတယ်လို့ သူက တွေးခဲ့တာ၊ သူက စိတ်ပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ ခံစားမိတယ်”

ဇောင်ယုဟွမ် : ???

ဒါက ဘယ်အချိန်က ဖြစ်ခဲ့တာလဲ? သူတို့က အမြဲတမ်း ကြင်နာတက်ပြီး တွဲဖက်ညီတဲ့ အရမ်းကောင်းတဲ့ ညီအစ်ကိုတွေ မဟုတ်ဘူးလား?

ဟုန်ချန်းမင်း ကအောက်ထပ်ကို ဆင်းလာခဲ့သည်။ “ဟွမ်ဟွမ်၊ ကိုယ်တို့ သွားသင့်ပြီ”

ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။ “အာ၊ အိုကေ”

သို့သော် ဟုန်ချန်းမင်း ပြန်မဖြေခင် ဇောင်ယုဟွမ် ကမကောင်းသလို ခံစားနေရတာကြောင့် တွေးလိုက်ကာ မေးလိုက်သည်။ “ရှိုးပွဲရိုက်ကူးရေးက ဘယ်အချိန်စမှာလဲ?”

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now