29❇ ပြန်လည်ပေါင်းစည်းခြင်း

4.3K 632 5
                                    

<Unicode>

ပြန်လည်ပေါင်းစည်းခြင်း

လီဆာ က ချန်းမင်းရီ ရဲ့နေရာကို ပြန်သွားဖို့ မလိုအပ်တာကြောင့် သူမက သူမ လိုအပ်တာထက် အချိန်အတော်ကြာ နေဖို့ မရည်ရွယ်ထားပေ။ သူတို့ကို ပို့ပြီး လီဂျင်းယွမ် တွင်ကိုယ်ပိုင် ယာဉ်မောင်းရှိတာကို သိပြီးနောက် ချန်းမင်းရီ ရဲ့ယာဉ်မောင်းနဲ့ ထွက်သွားခဲ့သည်။

"ကားထဲဝင်။ ငါတို့ အိမ်အပြန်လမ်းမှာ စားသောက်ဖို့ တချို့ဝယ်ဖို့ ရပ်ကြမယ်" လီဂျင်းယွမ် ကပြောလိုက်သည်။ သူ့အသံက အဆင်မပြေတာ မရှိပဲ ပုံမှန်ဖြစ်နေသည်။

ဒါကောင်းတယ်။

ဇောင်ယုဟွမ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူတို့တွေက တကယ်ပဲ မိသားစုအစစ်လို့ သူမ ထင်ခဲ့သည်။

သူတို့က တခြားကျောင်းတွေမှာ တက်ခဲ့ကြတာကြောင့် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားမှာကို သူမ စိုးရိမ်နေခဲ့သည်။ သူပြောရင်း လီဂျင်းယွမ် ကကားကို သူတို့အနားကပ်လာဖို့ လက်ဝှေ့ယမ်းပြလိုက်သည်။ အခုတော့ ဇောင်ယုဟွမ် ကကားကို ကြည့်ပြီးခဲ့သည်။

ဒါက Toyota Alphard ကားဖြစ်သည်။ ဒီကား ဈေးနှုန်းက ဈေးပေါတဲ့အထဲ မပါပေ။ ဒါက မီနီဗန်ကြားတွင် အတော်လေး ကောင်းသည့် မော်ဒယ်လ်ဖြစ်သည်။ ဆိုလိုတာက လီဂျင်းယွမ် ကသူ့ကုမ္ပဏီမှာ အတော်လေး အဆင့်အတန်း မြင့်လာသည်။

ဒါက ကောင်းတဲ့ အရာပဲ!

ဇောင်ယုဟွမ် နှုတ်ခမ်းက အပေါ်ကို ကွေးသွားပြီး ကားထဲကို ဝင်လိုက်သည်။ သူတို့အားလုံး ထိုင်ပြီးသွားပြီးနောက် ယာဉ်မောင်းက ကားကို သူတို့တိုက်ခန်းဆီကို ဦးတည်လိုက်သည်။ ကားက သူတို့တိုက်ခန်းနားက ကုန်စုံဆိုင်ရှေ့တွင် ရပ်လိုက်သည်။

လူတိုင်းက ထွက်လိုက်ပြီး မကြာခင် ရောက်တော့မဲ့ ခရစ်စမတ်အတွက် ခရီးသြား ဈေးဝယ်ဖို့ စီစဉ်ခဲ့ကြသည်။ သူတို့မှာ အချိန်နှစ်ပတ်သာ ရသည်။ နွေဦးပေါက် ရာသီကို ပြန်ရောက်လာရင် သူတို့ရဲ့ ဒုတိယစာသင်ချိန်က စတင်လာလိမ့်မည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now