87❇️ ငါသာကြိုသိခဲ့ရင် နာမည်ကြီးပဲလုပ်လိုက်မှာ

1.6K 311 7
                                    

Unicode

#မမျှော်လင့်ထားဘူးမလား 😁 ဘာသာပြန်ပြီးတာနဲ့ တင်ပေးလိုက်တာ 4 ပိုင်းတောင် ပေါင်းတင်ထားတာနော် 😘

သို့သော် သူမရှေ့က ခွေးလို ဟုန်ချန်းမင်း နဲ့ရင်ဆိုင်နေရပြီး ဇောင်ယုဟွမ် ကပြင်းထန်သည့် ဖိအားတွေကို ခံစားလိုက်ရသည်။ သူက ရုတ်တရက် သူမကို ပြင်းထန်စွာ စိုက်ကြည့်လာပြီး သူ့မျက်လုံးထဲမှ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေက ဖြတ်ပြေးသွားခဲ့သည်။

သူ့ရင်ဘတ်ထဲမှ အကြောင်းအရာတွေက ပိုများလာပြီး ပေါက်ကွဲလုနီးပါး ဖြစ်လာခဲ့သည်။ သို့သော် ဟုန်ချန်းမင်း ကအရင်တုန်းက ဇောင်ယုဟွမ် ပြောခဲ့တာတွေကို စိတ်ထဲမှတ်ထားခဲ့သည်။

‘ဟွမ်ဟွမ် မသိသမျှတော့ မှားယွင်းတဲ့ အရာတွေကို လုပ်နိုင်တာပဲ...’ ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းကို စေ့လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

“အိုကေ”

သူက အလွယ်တကူ လက်ခံလိုက်တာလား?

ရုတ်တရက် ဇောင်ယုဟွမ် ကမယုံနိုင်သလို ခံစားလိုက်ရသည်။ သူမက မျက်တောင်ခတ်လိုက်ပြီး ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ သို့သော် ဟုန်ချန်းမင်း ရဲ့အမူအရာတွေက ရုတ်တရက် နှစ်မြုတ်သွားပြီး ပြောလိုက်သည်။

“ဒါပေမဲ့ ဟွမ်ဟွမ် လည်းကိုယ့်ကို တစ်ခုတော့ ကတိပြန်ပေးရမယ်”

“ဟမ်? ဘာလဲ?”

ထိုအချိန်တွင် ဟုန်ချန်းမင်း ကသူ့ခေါင်းထဲမှ အလုပ်တွေအားလုံးကို ထုတ်ပစ်လိုက်သည်။ သူက ပြောလိုက်သည်။

“ဒီတစ်လလုံး၊ ကိုယ်နဲ့အတူ ကုမ္ပဏီကို လိုက်ခဲ့ပေး”

ဇောင်ယုဟွမ် ကတွေးလိုက်ပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ”

သူ့ရုံးခန်းမှာ သူမက ထိုင်ပြီး ဂိမ်းကစားနေရုံပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာမှမှားတာ မရှိပါဘူး။

ဟုန်ချန်းမင်း ကအကြည့်အောက်စိုက်လိုက်သည်။

“စွတ်ပြုတ်သောက်လိုက်”

ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ပန်းကန်လုံးကို မ,လိုက်ကာ စွတ်ပြုတ်ကို ကုန်အောင်သောက်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now