76❇️ ကိုယ်တို့ကမိသားစုတွေဆိုတာ လူတိုင်းသိပြီးသားပဲလေ။

1.9K 346 1
                                    

Unicode

ဇောင်ယုဟွမ် ကအရှေ့က လျှောက်သွားပြီး လန်ဂျင်းဇီ ကသူမ နောက်ကျောကို ကြည့်လိုက်သည်။

မင်းသမီးလေးလားလို့ သူတွေးလိုက်သည်။

ဒါက သိပ်မလုံလောက်သေးဘူး။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင် တို့က ရွဲ့လန်ဗီလာ ကိုရောက်နေကြတာ အချိန်ကြာပြီ။ ဒီနှစ်တွေမှာ ဒင်မိသားစု ရဲ့အိမ်ဖော်တွေက သူတို့နဲ့ ရင်းနှီးနေကြသည်။ သူတို့က အဖိုးဒင် နဲ့သိပ်မရင်းနှီးပေမဲ့ အတော်လေး သိကျွမ်းတာကြောင့် ဇောင်ယုဟွမ် မပါပဲ အဖိုးဒင် ဆီအလည်သွားနိုင်ကြသည်။

နှစ်ယောက်က အဖိုးဒင် နဲ့ရှန်းချီ ကိုကစားနေကြပြီးနောက် ဇောင်ယုဟွမ် နဲ့ လန်ဂျင်းဇီ တို့ရောက်လာကြသည်။ အဖိုးဒင် ရဲ့စိတ်တိုင်းကျ မနက်စာက ပေါ့ပေါ့ပါးပါး ဖြစ်ကာ မခမ်းနားပေမဲ့ ဟင်းပွဲတွေက အမည်စုံသည်။

လူတိုင်းက အဖိုးဒင် နဲ့စကားပြောရင်း မနက်စာကို စားနေကြပြီး သတိမထားမိပဲ အချိန်နှစ်နာရီက ကုန်သွားခဲ့သည်။ မနက်စာ စားပြီးနောက် လူတိုင်းက ဆိုဖာတွင် ထိုင်လိုက်ကြသည်။

သူတို့က အလျင်မလိုတာကြောင့် ခဏလောက်နေကာ စကားပြောနေကြသည်။ အဖိုးဒင် ကပြုံးကာ ပြောလိုက်သည်။

“ဟွမ်ဟွမ် ရဲ့ရှိုးပွဲကို အဖိုးကြည့်ခဲ့တယ်။ နောက်ပြီး ဘာ.. အဲ့ဒါက.. အဲ့ Webio သုံးနည်းကို မင်းအစ်ကိုက အဖိုးကို သင်ပေးခဲ့တယ်။ ဟွမ်ဟွမ် အကောင့်ကို သီးသန့် follow လုပ်ထားတယ်”

ဇောင်ယုဟွမ် ကအဖိုးအား ထိုင်နိုင်ဖို့ လက်မောင်းအား ကိုင်ထားရင်း ကူညီပေးလိုက်သည်။

“အဖိုးက အရမ်းကောင်းတာပဲ!” အဖိုးဒင် ရဲ့အသွင်အပြင်က ငယ်ရွယ်မှုတွ ပျောက်ဆုံးသွားပြီး အခုတော့ အလွန်ကြင်နာတတ်သည့် ပုံပေါ်နေသည်။

“ဟွမ်ဟွမ့် ရဲ့သတင်းတွေကိုလည်း အဖိုးကြည့်ခဲ့တယ်။ အဲ့မှာရေးထားတာ ဟွမ်ဟွမ် နဲ့ကောင်လေး တစ်ယောက် တွဲနေကြတယ်ဆို။ သူ့နာမည်က ဝမ်... တစ်ခုခုပဲ။ ဘာပါလိမ့်?”

အဖိုးဒင် ကစကားပြောနေရင်း လန်ဂျင်းဇီ ကိုကြည့်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now