102❇️ ပျော်ရွှင်ခွင့်ပေးပါ

1.7K 224 6
                                    

Unicode

#နောက်တစ်ပိုင်း တကယ်က အပျင်းတစ်နေတာကို အခုမှအကြွေးလာပြန်ဆပ်တာ 😁😁#

ကျင်းပသည့်နေရာက ၉၀ ဟက်တာကျော်ပြီး လုံးဝကို ထိတ်လန့်ဖို့ကောင်းနေသည်။

ဇောင်ယုဟွမ် ကဖြစ်နေတာကို နားလည်သွားခဲ့သည်။ “...ဖျော်ဖြေပွဲ? ဒီနေ့က ဂျင်းယွမ် ရဲ့ဖျော်ဖြေပွဲနေ့လား?”

လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။

ဇောင်ယုဟွမ် ကပျော်ရွှင်နေသည့် အမူအရာကို ထုတ်ပြလိုက်သည်။ “လီဂျင်းယွမ် ကအရမ်းမိုက်တာပဲ!” သို့သော် သူမအပြုံးက သိပ်မကြာလိုက်ပဲ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို ဒီအခွင့်အရေးကို အသုံးချပြီး ဘယ်သူက ရှုပ်ထွေးအောင် လုပ်ရတာလဲ?”

နောက်ကွယ်ကလူက အရမ်းကို မုန်းစရာကောင်းတယ်!

သို့သော် လီဂျင်းယွမ် ရဲ့အမူအရာက အရင်ကထက်တောင် ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်နေပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “အဆင်ပြေပါတယ်”

ဇောင်ယုဟွမ် ကဖျော်ဖြေပွဲနေရာကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဂျင်းယွမ် အတွက် ရီဟာဇယ် အဝတ်တွေ လိုသေးတယ်မလား?”

“အင်း”

“ဒါဆို အဆင်သင့်ဖြစ်အောင် သွားပြင်သင့်တယ်။ ဟုန်ချန်းမင်း နဲ့ ဟွမ်ဟွမ် တို့က လိုင်းပေါ်က အခြေအနေကို ထိန်းလိုက်မယ်”

လီဂျင်းယွမ် က ဟုန်ချန်းမင်း ရ့နာမည်အား လျစ်လျူရှုလိုက်ပြီး သူ့အမူအရာက ပိုပြီးတော့တောင် နူးညံ့သွားခဲ့သည်။ “အိုကေ” သူ့နှလုံးသားတစ်ခုလုံးနဲ့ ဇောင်ယုဟွမ် အားယုံကြည်နေပုံပေါ်နေသည်။

လီဂျင်းယွမ် ကလှည့်လိုက်ပြီး စင်ပေါ်ကို လျှောက်သွားလိုက်သည်။

သူ အဝေးကို ရောက်ချိန်တွင် ရုတ်တရက် လှည့်လိုက်ပြီး ဇောင်ယုဟွမ် အားနွေးထွေးစွာ ပြုံးပြလိုက်ပြီး သူ့ပါးစပ်အား ဖွင့်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။ သူတို့ကြားက ဝေးနေသည့် အကွာအဝေးကြောင့် ဇောင်ယုဟွမ် ကသူပြောသည့်စကားကို ရှင်းရှင်းလင်းလင်း မကြားရပေမဲ့ သူ့နှုတ်ခမ်း လှုပ်တာကနေသာ ဖတ်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now