≪ 106 ≫

1.4K 213 10
                                    

Unicode

ဝမ်ယောင်ချန်း ကသူ့ဖုန်းအား အချိန်အတော်ကြာ ကြည့်နေခဲ့သည်။

“သူ တကယ်ကြီး လုပ်ခဲ့တာပဲ။ တကယ်ကြီး သူ့ကိုယ်သူ ထုတ်ပြောလိုက်တာပဲ” ဝမ်ယောင်ချန်း ကဆိုးရွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

လီဂျင်းယွမ် ကသူ့ပုခုံးကို ချိုးလုနီးပါးဖြစ်ခဲ့ပြီး ဟုန်ချန်းမင်း ကတော့ သူ့ခေါင်းကို သေနတ်နဲ့ ပစ်လုနီးပါး ဖြစ်ခဲ့သည့် အချိန်တွေကို သူမှတ်မိနေတုန်းပင်... ဇောင်ယုဟွမ် ပေးခဲ့သည့် စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီးပေမဲ့ ဒါတွေက သူ့အား ပိုပြီးတော့သာ နောင်တရလာစေသည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့သာ မပါဝင်ခဲ့ရင် ဒီလိုအရာလေး တစ်ခုတည်း သူရနိုင်မှာလဲ? အခုတော့ ဖျော်ဖြေရေးလောကမှာ သူ့နောက်ပိုင်း လှုပ်ရှားမှုတွေကို စိုးရိမ်နေဖို့ မလိုတော့ဘူး!

သူ့အေးဂျင့်ကလည်း မခံမရပ်နိုင်ဖြစ်ကာ နောင်တရနေခဲ့သည်။ “လီဂျင်းယွမ် ကိုထပ်ပြီး ဆွပေးလို့မရတော့ဘူး... သူက လီရုံ ရဲ့သားဖြစ်နေမယ်လို့ ဘယ်သူက ထင်မိမှာလဲ? သူက မိဘမဲ့ဂေဟာကဆိုတဲ့ သတင်းထွက်လာတာနဲ့ လီရုံ ကသူ့ကို သတိပြုမိသွားပြီး သူ့နွေဦးကို ရသွားတယ်လေ။ ဒရမ်မာတွေတောင် ဒီလိုဇာတ်ကြောင်းမျိုး မရှိတော့ဘူး!”

“လီဂျင်းယွမ် ကမြန်မြန်လုပ်မှာ သေချာတယ်။ အသိပေးပြီးတာနဲ့ ချက်ချင်း ထွက်သွားလိမ့်မယ်၊ သက်ရောက်မှုကို နည်းနိုင်သမျှနည်းအောင် လုပ်မှာပဲ။ အခုတော့ အင်တာနက်မှာလည်း သူ့အကြောင်းတွေနဲ့ ပြည့်နေတယ်။ အရင်က ဒေါသဖြစ်စရာ သတင်းတွေကို ဘယ်သူက အမှတ်ရတော့မှာလဲ?” အေးဂျင့်က ခေါင်းခါလိုက်သည်။ “ဘာပဲဖြစ်ဖြစ်၊ ဒီအကြောင်းကို မေ့လိုက်သင့်တယ်။ ဒီလူက ညှိနှိုင်းဖို့လွယ်တဲ့လူမျိုး မဟုတ်ဘူး။ မင်း ကောင်းကောင်း မလုပ်နိုင်ရင် မင်းရေးခဲ့တဲ့ပို့စ်ကြောင့် သူထွက်သွားဖို့ ရေတပ်က ဖိအားပေးတာလို့ စတွေးကြလိမ့်မယ်”

ဝမ်ယောင်ချန်း ကနည်းနည်းတော့ ဒေါသထွက်သွားပြီး သူ့မျက်နှာထက်တွင် တည်ငြိမ်နေသည့် အမူအရာကို ဆက်ထိန်းမထားနိုင်တော့ပေ။ “ငါ မှားသွားခဲ့တာ။ သူမ သိသွားတာနဲ့ မစ္စဇောင် ကချက်ချင်း လှည့်ထွက်သွားပြီး သူ့ကိုလုံးဝငြင်းပစ်လိုက်မယ်၊ ဒါမှမဟုတ် လီဂျင်းယွမ် ကိုရှောင်နေမယ်လို့ ထင်ခဲ့တာ...”

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now