40✳️ငါတို့အားလုံးအရွယ်ရောက်လာပြီ

3.5K 530 8
                                    

<Unicode>

ငါတို့အားလုံး အရွယ်ရောက်လာပြီ

"နင်ဘာကြည့်နေတာလဲ?" မိန်းကလေးက ရုတ်တရက် ဇောင်ယုဟွမ် ကိုမော့ကြည့်လိုက်ပြီး သူမအသံက အနည်းငယ် အေးစက်နေသည်။ ဇောင်ယုဟွမ်က တိတ်ဆိတ်စွာ လှည့်လိုက်ပြီး မေးလိုက်သည်။

"မင်း တစ်ရှူးယူမလား?"

"မယူဘူး" မိန်းကလေးက အေးစက်စွာ ပြောလိုက်သည်။

အို၊ သူမ မေ့သွားတယ်။ အမျိုးသမီး ဇာတ်ကောင်က ပြန်မွေးဖွာလာတာနဲ့ ချက်ချင်းပဲ သူမက စတင် တောက်ပလာပြီး ဒေါသတွေနဲ့ ပြည့်နေခဲ့တယ်။

သူမရဲ့ လမ်းကြောင်းပေါ်ကို မလျှောက်မိတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဇောင်ယုဟွမ် ကတိတ်ဆိတ်စွာနဲ့ ထောင့်ဘက်ကို တိုးသွားလိုက်သည်။ ထိုအချိန်မှာ ဇောင်ယုဟွမ် ရဲ့ဖုန်းက မြည်လာခဲ့သည်။

ထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ခေါ်သူနာမည်ကတော့ လီဂျင်းယွမ် ဖြစ်သည်။ ဇောင်ယုဟွမ် မထိန်းချုပ်နိုင်စွာဖြင့် အမျိုးသမီး ဇာတ်ကောင်၊ လင်းရှီလန် ကို တစ်ချက် ကြည့်လိုက်သည်။

သူမက အခုလက်ရှိ ဘယ်လို ခံစားနေရလဲဆိုတာ ဇောင်ယုဟွမ် မပြောတက်ပေ။ သူမ ဖုန်းဖြေလိုက်သည်။ တဖက်မှ လီဂျင်းယွမ် ရဲ့အသံက ထွက်လာခဲ့သည်။

"ဟွမ်ဟွမ်၊ ငါတို့ အောက်ထပ်ကို ရောက်ပြီ။ မင်းက ဘယ်အထပ်မှာလဲ?" သူ့အသံက စိုးရိမ်နေပုံ ပေါ်သည်။ ဇောင်ယုဟွမ် ခနရပ်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

"အောက်ထပ်မှာပဲ စောင့်။ ငါ မဖျားဘူး။ တွေ့မှာပဲ ရှင်းပြမယ်" လီဂျင်းယွမ် ရဲ့အသံက အနည်းငယ် ပုံမှန်ပြန်ဖြစ်သွားသည်။ "အိုကေ၊ ငါစောင့်နေမယ်"

ထို့နောက် ဒီလိုမျိုးနဲ့ ဟုန်ချန်းမင်း ကိုထပ်ပြီး ဖယ်ထုတ်လိုက်သည်။ သူ့ဖက်တွင် ဟုန်ချန်းမင်း ရဲ့မျက်နှာက အနည်းငယ် မဲမှောင်နေသည်။ လီဂျင်းယွမ် ကဒါကို မမြင်ချင် ဟန်ဆောင်လိုက်ပြီး ဓာတ်လှေကား ဘက်ကို ကြည့်လိုက်သည်။

ဓာတ်လှေကားက ပထမထပ်ကို လျင်မြန်စွာ ရောက်လာခဲ့သည်။ တံခါးက ပွင့်သွားပြီး ဇောင်ယုဟွမ် ကလျှောက်ထွက်လိုက်သည်။ လင်းရှီလန် ကအနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး သူမအနောက်ကနေ ဓာတ်လှေကားကနေ ထွက်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now