51❇️ ငါကသရုပ်‌ေဆာင်ဖြစ်နိုင်တယ်လို့ထင်လား?

2.7K 448 7
                                    

<Unicode>

ငါက သရုပ်ဆောင်ဖြစ်နိုင်တယ်လို့ ထင်လား?

ရန်ဆန်း နဲ့အတူ နေ့လည်စာ စားပြီးနောက်တွင် ထိုအဖွဲ့က ကားပြိုင်ပွဲဆီကို ဦးတည်သွားခဲ့ကြသည်။

"ဒါက ‌ေလ့လာဖို့ အရမ်းလွယ်တာ။ ငါမင်းကို သင်‌ေပးမယ်" ရန်ဆန်း ပြောလိုက်သည်။

ဇောင်ယုဟွမ် ကအရင်တုန်းက သူမ တစ်ခါမှ မလုပ်ဖူးတဲ့ အရာတွေကို စိတ်ဝင်စားသည်။သူမရဲ့ ကားလိုင်စင်ကလည်း နိုင်ငံခြားက ရထားတာဖြစ်သည်။ ဒါက တရားဝင်မဟုတ်ရင်တောင် သူမက အခြေခံအချက်‌ေတွကို နားလည်သည်။ ကားကို ဘယ်လိုမောင်းရလဲဆိုတာကို သူမ သိလိုက်ချိန်ကတည်းက ကားပြိုင်ပွဲတွေကို စိတ်ဝင်စားခဲ့သည်။

ကလပ်က ဝန်ထမ်းတွေက ထိုအဖွဲ့အား တွေ့လိုက်ကတည်းက သူတို့က ဟိုက်မြို့တော်ရဲ့ ချမ်းသာပြီး နောက်ခံကောင်းသည့် အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။ သူတို့က ကားမောင်းရန် ဝတ်စုံတွေကို လဲလှယ်ရန် ‌ေဇာင်ယုဟွမ် အားခေါ်သွားကြသည်။ ထို့နောက်တွင် ကလပ်ရှိ ဝန်ထမ်းအကုန်လံုး အလုပ်ရှုပ်သွားကြသည်။

သင်ခန်းစာက ညနေ ၇ နာရီအထိ ဖြစ်ခဲ့သည်။

လူတိုင်းက ဆာလောင်နေကြပြီး ညစာအတွက် ဘယ်နေရာကို သွားသင့်ကြောင်း ပြောနေကြသည်။ သူတို့ ဘာစားရမလဲဆိုတာကို တွေးတောရင်း ခေါင်းကိုက်လာခဲ့သည်။ သူမအဝတ်တွေကို လဲလှယ်ရန် ထွက်လာခဲ့သည်။

သူမအပြင်ကို လမ်းလျောက်လာရင်း အိတ်ထဲက ဖုန်းကို ထုတ်လိုက်ချိန်တွင် မစ်ကောလ် ၂၈ ကောကို တွေ့လိုက်ရသည်။

ဇောင်ယုဟွမ် ကအသေးစိတ်ကိုသိရန် နှိပ်လိုက်သည်။ ၁၃ ကောက လီဂျင်းယွမ် ဆီကဖြစ်ပြီး ၁၅ ကောက ဟုန်ချန်းမင်း ဆီကဖြစ်သည်။

"ဘာဖြစ်လို့လဲ? ဘာလို့ အဲ့မှာပဲ ရပ်နေတာလဲ?" လူအုပ်ကြီးက ဇောင်ယုဟွမ် ကိုလှည့်ကြည့်လာကြသည်။

"လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း ကငါ့ဆီ ဖုန်‌းခေါ်ခဲ့တယ်။ ငါ့ဖုန်းက လော့ကာ(locker) ထဲမှာဆိုတော့ မသိလိုက်ဘူး။ သူတို့က အကြိမ်အများကြီး ခေါ်ထားကြတယ်။ သူတို့ ဘာဖြစ်လို့လဲဆိုတာ ကြည့်ရအောင်" ဇောင်ယုဟွမ် ကသူတို့ဆီကို လျှောက်သွားလိုက်ရင်း ပြောလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now