17❇ ဒင်ချွေယွဲ့နဲ့တွေ့ဆုံခြင်း

5.1K 802 9
                                    

<Zawgyi>

ဒင်ချွေယွဲ့ နဲ့တွေ့ဆုံခြင်း

ထိုအမျိုးသမီးရဲ့ နာမည်က ဒင်ချွေယွဲ့ ဖြစ်သည်။ သူမက ကောလိပ်ပြီးသွားချိန်တွင် လန်အိမ်တော်ရဲ့ ဒုတိယသားနဲ့ လက်ထပ်ခဲ့ပြီး လန်ဂျင်းဇီ ကိုမွေးဖွားခဲ့သည်။

ဇောင်ယုဟွမ် ကအဖိုးဒင် ဆီမှ သူမအန်တီရဲ့ အကြောင်းတွေကို တဖြည်းဖြည်း သိခဲ့ရသည်။ လှပပေမဲ့ သေးငယ်သည့် စားသောက်ဆိုင်ရဲ့ သီးသန့်အခန်းတွင် ထိုင်နေရင်း သူတို့ရဲ့ အမှာကို အဆုံးသတ်လိုက်သည်။ ဝန်ထမ်းက ထွက်သွားပြီးနောက် ဒင်ချွေယွဲ့ ကစပြောလိုက်သည်။

"မင်းအမေအတွက် လူမှုဖူလုံရေး ကနေ ကောင်လေး နှစ်ယောက်မွေးစားခဲ့တယ်လို့ အဖေ့ဆီက ကြားခဲ့တယ်" ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။

"အင်း"

"သူတို့ကို ဒင်အိမ်တော် ဒါမှမဟုတ် ဇောင်အိမ်တော်မှာ စာရင်းသွင်းပြီးပြီလား? ဒါကို ဇောင်ချီ ကသဘောတူလား?"

"ဒင်အိမ်တော် လက်အောက်မှာရှိပေမဲ့ သူတို့က ဇောင်အိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်ထားတယ်" ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။
"မင်းအမေက ဒီဆန္ဒကို တကယ်ပဲ ထားခဲ့တာလား? သူမအတွက် လူမှုဖူလုံရေး အေဂျင်စီကနေ ကောင်လေး နှစ်ယောက်ကို မင်းကို မွေးစားစေချင်တာလား?"

"ဟုတ်တယ်" ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။ ထို့နောက် အချိန်အနည်းငယ် တိတ်ဆိတ်သွားပြီး သူမ မေးလိုက်သည်။

"အန်တီ တစ်ခုခု ပြောချင်တာရှိရင် ဘာလို့မပြောတာလဲ?"

"မင်းနဲ့ သွေးသားမတော်စပ်တဲ့ ကလေးနှစ်ယောက်ကို မင်းမွေးစားခဲ့တယ်... အနာဂတ်အကြောင်းကို တွေးခဲ့ဖူးလား?" ဒင်ချွေယွဲ့ ကရပ်လိုက်ပြီး သူမလက်ကတွေကို လက်သုတ်နဲ့ သန့်ရှင်းလိုက်ကာ ဆက်ပြောလိုက်သည်။

"မင်းအဖိုးက နှစ်အနည်းငယ် အတွင်းမှာ သူ့ဆန္ဒကို ပြီးအောင်လုပ်ခဲ့တယ်၊ သူ့အမွေတွေကို မင်းအမေနဲ့ ငါ့ကို လွှဲပေးခဲ့တယ်။ အခုတော့ မင်းက ဒင်အိမ်တော်ရဲ့ လက်အောက်မှာ ကောင်လေး နှစ်ယောက်ကို ထားမယ်ဆိုရင် သူတို့က မင်းအမေရဲ့ အမွေဆက်ခံသူလို့ ယူဆနိုင်တယ်။ ဆိုလိုတာက သူတို့လည်း အမွေတစ်စိတ်တစ်ပိုင်းကို ရလိမ့်မယ်"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now