အခန်း (718)

744 133 8
                                    

အခန်း  (၇၁၈)  :   နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပြန်ပေါ်လာခြင်း

“ ဟားဟား ….  မင်းတို့တွေက အပုန်းကောင်းကြတာကိုး။ ဒီလိုနေရာမျိုးမှာ အကြာကြီး ပုန်းနေတာပဲ။ တကယ်လို့ ကံကြမ္မာကြာနီသာ ပေါ်မလာရင် ဒီ အင်မော်တယ်က မင်းတို့ကို တွေ့သွားမှာ မဟုတ်ဘူး  ” စုရိုအာနှင့် တုံ့ဟွားလုံတို့ ရှိနေသည့်နေရာဆီ  အေးစက်စက် ရယ်သံတစ်ခု ပျံ့လွှင့်လာလေ၏။

အနီရောင်ဝတ်ရုံနှင့် ဖူကျန်းဆောင်က သူတို့နှစ်ယောက်ရှေ့ ရောက်ရှိလာသည်။ တုံ့ဟွားလုံနှင့် စုရိုအာတို့က ရေခဲကန်ထဲ စိမ်လိုက်သည့်အလား တစ်ကိုယ်လုံး အေးစက်သွားတော့သည်။

ဖူကျင့်ဖုန်း၏ ရယ်မောသံက ရုတ်တရက် ရပ်တန့်သွားလေ၏။ သူက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် အသံမှာ တုန်တုန်ယင်ယင် ဖြစ်လာကာ “ မင်းတို့နှစ်ယောက်က ဒီမှာ အမြဲပုန်းနေတာဆိုတော့ မင်းတို့တွေ …. ”

ဖူကျင့်ဖုန်းက သူ့အတွေးကို ပြန်အံ့အားသင့်သွားသည်။ သူက အတွေးမှာ အမှန် ဖြစ်နိုင်ကြောင်း တဖြည်းဖြည်း ခံစားလာရ၏။

ယခု အင်မော်တယ်စွမ်းအား နည်းပါးနေသည့် နေရာ၌ ကံကြမ္မာကြာနီ ပေါ်လာသည့် သတင်းမှာ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်တစ်ခုလုံး ပြန့်နှံ့နေလေပြီ။ ထိုတျန်းဂျီဂိုဏ်းသား နှစ်ယောက်က ဤနေရာတွင် တစ်ချိန်လုံး ပုန်းအောင်းနေခဲ့လေ၏။ သူတို့အပြင် မည်သူကများ ကံကြမ္မာကြာနီကို ယူသွားနိုင်မည်နည်း။

ထို့နောက် ဖူကျန်းဆောင်က ခေါင်းခါလိုက်ပြန်သည်။ ပျံ့နေသည့် သတင်းများမှာ မဟာကျီရှန်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ကံကြမ္မာကြာနီကို တစ်ပြိုင်နက်တည်း မြင်၍ တိုက်ပွဲ ဖြစ်ခဲ့သောကြောင့် တခြားလူများက သတိထားမိသွားခြင်း ဖြစ်၏။

“ သွားသေစမ်း ” ဖူကျန်းဆောင်က လက်ဝါးကို ဖြန့်လိုက်သည်နှင့် စုရိုအာနှင့် တုံ့ဟွားလုံတို့ထံ ငွေရောင်အလင်းတန်းများ ပြေးဝင်လာသည်။

စုရိုအာက သူမ၏ အသက်ဓာတ်ကို နှိုးဆွကာ တောင်ပြာဓားမြှောင်ကို ထုတ်လွှင့်လိုက်၏။ သို့သော်လည်း စုရိုအာ၏ ဓားမြှောင်မှာ ဖူကျန်းဆောင်၏ အလင်းတန်းနှင့် ယှဉ်လျှင် ပိုးစုန်းကြူးမျှသာ ဖြစ်နေ၏။

လူသားသစ္စာ (701-900)Where stories live. Discover now