အခန်း (756)

788 149 6
                                    

အခန်း (၇၅၆)  :   အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်

“ ရပ်‌စမ်း ” ကျီချီက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ထိုစဉ် ကောင်းကင်တခွင် အပြည့်ဖြစ်နေသည့် ပုဆိန်လှံရှည်အလင်းတန်းကြီးက သူ့အပေါ် ကျရောက်လာသည်ကို မြင်လိုက်ရသည်။  သူ့စိတ်ထဲ ထိုပုဆိန်လှံရှည် အလင်းတန်းသာ ရှိနေပြီး ကျီချီ၏ ယုံကြည်မှုများပင် ပျက်စီးသွားလေသည်။

အကယ်၍ ကျီချီက မိုဝူကျိအား လျို့ဝှက်ပညာရပ်အားလုံးကို ထုတ်၍ တိုက်ခိုက်ခဲ့လျှင် မိုဝူကျိက သူ့ကို အလွယ်လေး သတ်နိုင်သွားမည် မဟုတ်ပေ။ သို့သော်လည်း သူ့မှန်တင်ခုံမှာ မိုဝူကျိ၏ လေဟုန်ဆန်မြစ် ရိုက်ချက်ကြောင့် ပျက်စီးသွားစဉ်ကတည်းမှ သူ့သ္တိများ ပျောက်ကွယ်သွားပြီး မိုဝူကျိသည် သူ့ထက် အဆများစွာ အားကောင်းကြောင်းသာ တွေးနေမိခဲ့သည်။ ထို့အပြင် သူက ဤနေရာ၌ ပျံသန်း၍ ထွက်မပြေးနိုင်သောကြောင့် တိုက်ခိုက်လိုစိတ်လည်း ပျောက်ဆုံးသွားရသည်။

မိုဝူကျိက သူ့ပုဆိန်လှံရှည်အလင်းတန်း  ကျီချီ၏ စွမ်းအားစက်ကွင်းကို ဖျက်စီးပစ်လိုက်ရုံဖြင့် ရပ်တန့်မည့်သူ မဟုတ်ချေ။ ကျီချီက ထိုပုဆိန်လှံရှည်ကြောင့် တစစီ ဖြစ်သွားပေလိမ့်မည်။

လော့စီက မိုဝူကျိအား တအံ့တဩ ကြည့်ကာ အချိန်အတော်ကြာ ကြောင်အမ်းနေမိသည်။

ကျီချီက မိစ္ဆာမျိုးနွယ်၏ နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ဖြစ်လေရာ သူက အရမ်းအားမကောင်းလျှင်ပင် မိုဝူကျိ၏ သတ်ဖြတ်ခြင်းကို ခံရလောက်သည့်အထိ အားနည်းနေခြင်း‌တော့ မဖြစ်နိုင်ပေ။

သူမက ပါရမီရှင် လိန်ဟုန်ကျီအကြောင်း ရုတ်တရက် တွေးမိသွားသည်။ သူက အင်မော်တယ် ဘုရင်အလယ်အလတ်အဆင့်လေးဖြင့် အင်မော်တယ် အုပ်စိုးသူအစောပိုင်းအဆင့် ကျင့်ကြံသူအား သတ်နိုင်ခဲ့ပေသည်။ ဤအဖြစ်အပျက်ကြောင့် သူက စကြဝဠာတခွင် နာမည်ကျော်ကြားလာခြင်း ဖြစ်ပေသည်။ အကြောင်းမှာ လိန်ဟုန်ကျီလိုမျိုး ကျင့်ကြံသူမှာ လက်တစ်ဖက်တည်းနှင့် ရေတွက်လို့ ရပေသည်။ အကယ်၍ လိန်ဟုန်ကျီက ထိပ်တန်း ပါရမီရှင်ဆိုလျှင် မိုဝူကျိကရော ဘာဖြစ်မည်နည်း။

လူသားသစ္စာ (701-900)Where stories live. Discover now