အခန်း (821)

835 152 6
                                    

အခန်း (၈၂၁)  :   တာအိုသခင်အဖြစ် လက်ခံခြင်း

“ ဆရာကြီး …. ကျုပ်တို့နတ်ဘုရားမျိုးနွယ်မှာ အဆင့်မြင့် ကျင့်ကြံသူတွေက တိမ်တိုက်လို ပေါများ  …” အသက်မကြီးသေးသည့် ကောင်လေးတစ်ယောက်က ရောက်လာကာ ဝူဝမ်အား ပြောလိုက်သည်။

သူ့စကားမဆုံးခင် ဝူဝမ်၏ လက်ဖဝါးက ထိုကောင်လေး မျက်နှာပေါ် ကျရောက်လာကာ သွားများပင် ကျွတ်ထွက်သွားစေ၏။

နတ်ဘုရား ချောက်ကမ်းပါးခုံရုံးအတွင်းရှိ နတ်ဘုရားမျိုးနွယ်များက ပါးစပ်ဟောင်းလောင်းဖြစ်ကာ တအံ့တဩ ဖြစ်ကုန်ကြသည်။

သခင်လေးအား အရမ်းချစ်မြတ်နိုးလွန်းသည့်  အကြီးအကဲ ဝူဝမ်သည် သခင်လေးအပေါ် လက်ပါလိမ့်မည်ဟု မထင်ထားကြပေ။ သိထားရမည့်အချက်မှာ သခင်လေး၏ မျှော်မှန်းချက်နှင့် မကိုက်ညီသဖြင့် မြောက်များစွာသော အစေခံများက အသတ်ခံခဲ့ရလေသည်။

မြေပြင်ပေါ်တွင် ထိုင်ကာ သွေးများပေပွနေသည့် ကောင်လေးက သူ့ဆရာအား မယုံနိုင်ဖွယ် ကြည့်လိုက်သည်။ သူက သူ့ဆရာဆီမှ တကယ် အရိုက်ခံလိုက်ရပြီး သွားများပင် ကျွတ်ထွက်သွားလေ၏။

“ ဝူလီ … မင်း နတ်ဘုရားမျိုးနွယ်ဆီ ဘယ်လိုကပ်ဘေး ခေါ်လာတာလဲဆိုတာ သိလား။ ငါတို့ နတ်ဘုရားမျိုးနွယ်က မကြာခင် သုတ်သင်ခံရတော့မယ်။ အဲဒါတွေအကုန်လုံးက စကြဝဠာအစွန်းမှာ မင်း စိတ်ကြီးဝင်ပြီးတော့ ပါရမီရှင်တွေကို သတ်ပစ်ခဲ့လို့ပဲ ….. 

တကယ်လို့ မင်းသာ မိုဝူကျိကို ရန်မစမိရင်  တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ်မှာ ဘာလို့ အသတ်ခံရမှာလဲ။ အခု ငါတို့မျိုးနွယ်ကို ဒီလိုအခြေအနေအထိ ဖြစ်စေခဲ့ပြီ။ အဲဒီလို ဖြစ်လာမှန်းသာ သိရင် မင်းကို ဒီအတိုင်း သေဖို့ ပစ်ထားလိုက်တယ်။ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ အထွတ်အထိပ် ရတနာကို မင်းအပေါ် ဘာလို့ သုံးပေးနေရမှာလဲ ….. ” ဝူဝမ်က ထိုကောင်လေးအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ဆူပူလိုက်သည်။

ထိုစဉ် နတ်ဘုရား ချောက်ကမ်းပါး ခုံရုံး တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။

လူသားသစ္စာ (701-900)Where stories live. Discover now