အခန်း (743)

849 143 6
                                    

လူသားသစ္စာ ၅၄

အခန်း (၇၄၃)  :  ဗုဒ္ဓ ပဋိကကျမ်း

“ မိုဝူကျိ … ကိုယ်တော်ကို ညာနေတာတော့ မဟုတ်ဘူးမလား။ အဲဒီနေရာကို တကယ်သိလို့လား ” အနှောင်အဖွဲ့ကင်းနန်းတော်မှ ထွက်လာပြီးနောက် ဘုန်းကြီးတာ့နဉ်က စိုးရိမ်တကြီး မေးလိုက်သည်။

အကယ်၍ တခြားနေ့ရက်သာ ဖြစ်နေလျှင် မိုဝူကျိက တာ့နဉ်နှင့် ပို၍ ရင်းရင်းနှီးနှီး ဆက်ဆံမည် ဖြစ်ကာ  သူ့နာမည်မှာ အဘယ်ကြောင့် တာ့နဉ် ဖြစ်နေပြီး တပည့် နာမည်မှာ ယီနဉ် ဖြစ်နေသည့်အကြောင်းကိုလည်း မေးဖြစ်လောက်၏။ သို့သော်လည်း မိုဝူကျိက ယခုဤသို့စိတ်အခြေအနေ မဟုတ်ပေ။ သူလည်း စိုးရိမ်နေမိသည်။

အကယ်၍ ချိန်စုယင်နှင့် လင်းဂူတို့ အင်မော်တယ်လောကမှ ကျင့်ကြံရေးကမ္ဘာဆီ ရောက်သွားလျှင် အဆင်ပြေမည် ဖြစ်သော်လည်း အကယ်၍ ပိုမြင့်မားသော ကမ္ဘာ ဒါမှမဟုတ် နယ်ခြားမျိုးနွယ်စု၏ တည်နေရာဆီသာ ရောက်ရှိသွားပါက သူတို့အတွက် မကောင်းနိုင်ချေ။

စုကျီအန်းနှင့် ဝေကျီတောက်တို့အား သူ ခဏထွက်သွားမည် ဖြစ်ကြောင်း အကြောင်းကြားပြီးနောက် မိုဝူကျိက စိတ်ဒုက္ခရောက်နေလေ၏။ ဘုန်းကြီးတာ့နဉ်၏ မေးခွန်းကိုတော့ သူက စိတ်မပါတပါဖြင့်သာ ပြန်ဖြေလိုက်သည်။

တည်ထောင်ပြီးခါစ ဖြစ်သော်လည်း ဖင်းဖန်တွင် အင်မော်တယ် ဧကရာဇ်တချို့ ရှိနေသောကြောင့် အင်မော်တယ်လောက၌ ခြေကုပ်နေရာ ရဖို့ရာ ပြဿနာ မဟုတ်ချေ။

ဘုန်းကြီးတာ့နဉ်က မိုဝူကျိ စကားမပြောချင်ကြောင်း သတိပြုမိ၍ သူလည်း ပါးစပ်သာ ပိတ်နေလိုက်တော့သည်။ သူ့စိတ်ထဲ၌ မိုဝူကျိ၏ အမြန်နှုန်းနှင့် သက်လုံကို ကြည့်ကာ အံ့အားသင့်မိနေသည်။
သူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးကြောင်း ခန့်မှန်းမိပေရာ လွန်ချိုက် ကြောက်ရွံ့နေသည့် အကြောင်းအရင်းမှာ မိုဝူကျိနောက်တွင် အင်မော်တယ်ဂိုဏ်းရှိနေ၍ဟု ထင်မှတ်မိခဲ့သည်။

မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ဆီ သူက မိုဝူကျီနောက်မှ လိုက်လာပြီးနောက် သူက သူ့မှန်းဆချက်များ စတင်သံသယဝင်လာမိသည်။  ဘုန်းကြီးတာ့နဉ်၏ ကျင့်ကြံဆင့်နှင့် အလျှင် ကျင့်စဉ်နှင့်ပင် သူက မိုဝူကျိနောက်မှ လိုက်ဖို့ရာ အားများစွာ စိုက်ထုတ်ရသေး၏။ မဟုတ်လျှင် သူက နောက်၌ အလွယ်တကူ ကျန်နေခဲ့မည် ဖြစ်ပေသည်။ သဘောတရားအရဆိုရလျှင် မိုဝူကျိ၏ အမြန်နှုန်းမှာ အချိန်အတော်ကြာပြီးနောက် နှေးကွေးသွားသင့်ပေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now