အခန်း (834)

705 137 1
                                    

အခန်း  (၈၃၄)  :  တိုင်ကိုးလုံး ကျွန်းကို ဖျက်စီးခြင်း

“ အမြင်နဲ့တင် မင်းက သိမှာ မဟုတ်ဘူး။ မင်းလိုလူမျိုးက အပြင်မှာလည်း အံ့ဩဖို့ကောင်းတဲ့ တည်ရှိမှုမျိုးပဲ ဖြစ်မယ် ဟုတ်တယ်မလား။ ဒါပေမဲ့ မင်း အသိစိတ်ပင်လယ် ပျက်စီးသွားလို့ ငါ မင်းကို ဘာမှမလုပ်နိုင်ဘူး ထင်ရင်တော့ မင်းမှားသွားပြီ။ ငါ့အတွက် ပြန်ပြင်ဆင်ဖို့ နှစ်သောင်းချီ လိုအပ်မယ်ဆိုပေမဲ့ ငါ့အတွက် တန်ဖိုးမရှိဆုံးက အချိန်ပဲ ”

စိတ်ဝိညာဉ်က ပြောလိုက်ပြီးနောက် လက်ဖဝါးကို ဖြန့်ကာ အဆောင်ဆယ်ခုကျော် ထွက်ပေါ်လာကာ ဝန်းရံထားလေ၏။ ထိုအဆောင်များကို အသက်မသွင်းရသေးသော်လည်း မိုဝူကျိက သူတို့ဆီမှ ခြိမ်းခြောက်နိုင်စွမ်းအား ခံစားမိနေပြီ ဖြစ်၏။

မိုဝူကျိ စိတ်ထဲ လေးလံသွားလေ၏။ အကယ်၍ ဤလူသာ အဆောင်များကို အသုံးပြုလိုက်လျှင် သူ့ဝိညာဉ်မှာ ဖျက်စီးခံရပြီး ခန္ဓာကိုယ်မှာ ထိုလူလက်ထဲ ကျရောက်သွားပေမည်။

မူလက မိုဝူကျိသည် လျှပ်စီးကွန်ယက်နှင့် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကြား အသုံးပြုဖို့ တွေဝေနေသော်လည်း  ယခုတွင်မူ မိုဝူကျိက ခွန်းဝူဓားကို အသက်သွင်းဖို့ တုံ့ဆိုင်းမနေပေ။

မိုဝူကျိက ခွန်းဝူဓား၏ ပထမအလွှာကိုသာ သန့်စင်ပြီးသေးသော်လည်း ထိုဓား၏ လျို့ဝှက်တိုက်ကွက်တမျိုးကို ရရှိနေပြီ ဖြစ်၏။

မိုဝူကျိက ဓားအသိ၏ ခမ်းနားကြီးကျယ်မှုအကြောင်း ကောင်းကောင်း သိပေသည်။ ဤဓားအသိမှာ အခက်ထန်ဆုံး အရာကိုပင် နှစ်ပိုင်း ပိုင်းဖြတ်သွားနိုင်ရာ သူ့အသိစိတ်ပင်လယ်ကို ထည့်ပြောဖို့ရာ မလိုတော့ပေ။ သူက ခွန်းဝူဓားကို တစ်ခါမှ အပြည့်အဝ မထိန်းချုပ်ဖူးသေးပေ။ အကယ်၍ ယခု အသုံးပြုလိုက်လျှင် သူ့အနေနှင့် ထိန်းချုပ်နိုင်မည့် အခွင့်အရေး ဘယ်တော့မှ မရနိုင်လောက်တော့ပေ။

ဆိုလိုသည်မှာ သူ့အသိစိတ်ပင်လယ်ပင် ထိုဓားကြောင့် ပျက်စီးသွားနိုင်၏။

သို့သော် ဤအချိန်၌ သူ့တွင် နောက်ထပ် ရွေးချယ်မှု မရှိပေ။ အကယ်၍ သူက ဓားကို ထုတ်မသုံးလျှင် သူ့ခန္ဓာကိုယ်က သူ့အပိုင် ဖြစ်တော့မည် မဟုတ်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now